အပိုင်း ၈၈၃ : ကောင်းကင်ဖျက်ဆီးက တိုးတက်လာချိန်တွင်

376 41 0
                                    

စာစဥ် ၄၆ : အပိုင်း ၁၃

အပိုင်း ၈၈၃ : ကောင်းကင်ဖျက်ဆီးက တိုးတက်လာချိန်တွင် သူတော်စင် ကောင်းကင်က ပျက်စီးသွားခဲ့သည်

ဓားအလင်းတန်းသည် အဆုံးမဲ့နေကာ ကောင်းကင်နှင့် မြေကြီးတို့အား ပြည့်သွားခဲ့သည်။ ဒါသည် ကြည့်ရှုနေသူများ အားလုံးတို့၏ စိတ်အတွင်းတွင် စူးရှသော နာကျင်မှုများကို ဖြစ်စေခဲ့ကာ ဤတိုက်ပွဲကို ဆက်ကြည့်နိုင်စွမ်း ကုန်ခန်းစေခဲ့သည်။

အနီးအနားတွင် ရှိနေကြသော မိုးကြိုးတိမ်တိုက် သူတော်စင်၊ ထာဝရ ကောင်းကင်လှံနှင့် ကျန်သောသူများတို့သည် ထိုတိုက်ခိုက်မှု၏ လှိုင်းလုံးများ အရိုက်ခတ် မခံရစေရန် လျှင်မြန်စွာနှင့် နောက်ဆုတ်ခဲ့ကြရသည်။

ကောင်းကင်နှင့် မြေကြီးတို့၏ အတွင်းမှ နယ်နိမိတ် စွမ်းအား များစွာတို့သည် ပျက်စီးသွားကြကာ တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေသည့် တွန့်လိမ်နေသော အက်ကွဲကြောင်းများသာ ကျန်နေရစ်သည်။

ကမ္ဘာကြီး တစ်ခုလုံးသည် ကြေမွသွားခဲ့ကာ ပျက်စီးသွားခဲ့သကဲ့သို့ ဖြစ်သည်။

အချိန်အတော်ကြီး ကြာသွားမှသာ ဓားအလင်းတန်းများက လွင့်ပြယ်သွားကြသည်။ အားလုံးတို့သည် အနီးကပ် အသေအချာ ကြည့်ရှုလိုက်ကြ အပြီးတွင် သူတို့၏ အသက်ရှူသံများ ခေတ္တမျှ ရပ်တန့်သွားကြသည်။

သူတို့သည် အစောပိုင်းက ကြိုတင်ခန့်မှန်းချက်များ ရှိခဲ့သော်လည်း သူတို့၏ ကိုယ်ပိုင် မျက်စိများနှင့် တွေ့လိုက်ရသောအခါ မှင်သက်သွားကြသေးသည်။

ထျန်းကန်း ဓားမာစတာသည် ဟင်းလင်းပြင် အတွင်းတွင် သူ့ဘာသာသူ ရပ်နေခဲ့သည်။ သူ၏ တစ်ကိုယ်လုံးတွင် မရေမတွက်နိုင်သော ဓားဒဏ်ရာများ ရှိနေခဲ့သည်။ သူ၏ ကျင့်ကြံမှု အဆီအနှစ်များသည် လျှင်မြန်စွာနှင့် ပျံ့နှံ့သွားခဲ့၍ သူ၏ ဒဏ်ရာများသည် မသေးလှချေ။

သို့သော်လည်း အတိတ်နှင့် အသိသာဆုံး ခြားနားချက်မှာ သူ၏ ခန္ဓာကိုယ်မှနေ၍ ယခင်က တစ်ခါမှ မမြင်ဖူးသည့် အားနည်းနေသော အော်ရာများကို ထုတ်လွှတ်နေခဲ့ခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now