အပိုင်း ၈၉၃ : မဟာလွင်တီးခေါင် ကုန်းမြေအတွင်းက လူတိုင်းက

355 44 2
                                    

စာစဥ် ၄၆ : အပိုင်း ၃

အပိုင်း ၈၉၃ : မဟာလွင်တီးခေါင် ကုန်းမြေအတွင်းက လူတိုင်းက မင်းရောက်လာတာကို သိနေကြပြီ

ကျင်းဟွမ်အမတ်သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ လက်အတွင်းတွင် တစ်ကြိမ်ပြီးတစ်ကြိမ် ကျရှုံးခဲ့ရသည်။ သူသည် ရှောင်ယန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရကာ သေမင်း၏ လက်တစ်ကမ်းထံမှ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် ယခုအချိန်တွင် သူ့အား မကောင်းကြံနေသော ရွှေပုစဥ်း ဆရာတော်၏ ချုပ်နှောင်ခြင်းကို ခံနေရသည်။ ဤအချိန် မတိုင်ခင်က ကျင်းဟွမ်အမတ်သည် အရာအားလုံးတို့သည် သူ၏ ကြမ္မာပန်းတိုင်သို့ ရောက်ရှိနိုင်ရန် သူ့အား လေ့ကျင့်ပေးနေမှု ဟူ၍သာ သဘောထားနေခဲ့သည်။

အရှေ့မှ အတားအဆီးသည် မည်မျှအထိ စိန်ခေါ်မှု ကြီးမားသော်လည်း သူသည် ဤအကျပ်အတည်းများကို ကျော်လွှားကာ သူ၏ဘဝတလျှောက်တွင် အောင်မြင်နိုင်မည် ဖြစ်သည်။

သို့သော်လည်း ဤအချိန်တွင် သူ၏ မှတ်ဉာဏ်အတွင်းမှ အရာအားလုံးတို့သည် ဝေဝါးသွားကြကာ သူ၏ အတိတ်ဘဝက တစ်မိနစ်ကလေးကပင် အစစ်အမှန်မဟုတ်ပဲ အရာအားလုံးတို့သည် အိမ်မက်ဖြစ်နေခဲ့သည်ဟု ထင်နေခဲ့သည်။

အချိန်အတော်ကြာ စိတ်ဓာတ်ကျဆင်းနေခဲ့အပြီးတွင် သူသည် ထပ်ဖန်တစ်ခါ ပေါက်ကွဲထွက်လာခဲ့သည်။ "မဟုတ်ဘူး.. ဒါက လုံးဝ မဖြစ်နိုင်ဘူး.. အရာအားလုံးတို့က ရွှေပုစဥ်း ဆရာတော် ဖန်ဆင်းထားတဲ့ ပုံရိပ်ယောင်တွေ ဖြစ်လိမ့်မယ်.. ဒါက ငါ့ရဲ့ အတိတ်ဘဝက မှတ်ဉာဏ်တွေ မဟုတ်နိုင်ဘူး"

"ဒါတွေက အစစ်အမှန် ဖြစ်ခဲ့ရင်တောင် ငါက ငါ့ကံကြမ္မာရဲ့ သခင်ဖြစ်ပြီး ငါက အရာအားလုံးကို ပြောင်းလဲနိုင်တယ်"

"ဟုတ်တယ်.. အရာအားလုံးတို့က အခုအချိန်မှာ ခြားနားသွားခဲ့ပြီ.. နတ်ဘုရား ခန္ဓာကိုယ် ချပ်ဝတ်တန်ဆာကလည်း လုံးဝကို ပျက်စီးသွားခဲ့ပြီ.. ငါနဲ့ အတိတ်ဘဝရဲ့ ဆက်သွယ်မှုတွေကလည်း ပြတ်တောက်သွားပြီ.. ငါကသာ ငါ့စိတ်ဝိညာဥ်ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တယ်.. ငါက ငါ့ကိုယ်ကိုယ်သာ ဆုံးဖြတ်ချက်တွေ ချမှတ်မှာဖြစ်ပြီး ဟိုပျက်စီးနေတဲ့ နတ်ဘုရား ခန္ဓာကိုယ် ချပ်ဝတ်တန်ဆာနဲ့ ဘာမှ မဆိုင်တော့ဘူး.. မင်းကငါ့ကို လွှမ်းမိုးနိုင်စွမ်း မရှိတော့ဘူး'

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now