အပိုင်း ၆၇၁ : ဆုလာဘ်

437 37 0
                                    

စာစဥ် ၃၆ : အပိုင်း ၁

အပိုင်း ၆၇၁ : ဆုလာဘ်

ယခင်က ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေး အတွင်းတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသော တပည့်များ၏ အရေအတွက်မှာ ယခုလောက်ပင် ဖြစ်၏။ သို့သော်လည်း ဤတစ်ခေါက် ချစ်ကြည်ရေး ပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ မတူပေ။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် အခြားဂိုဏ်းများ အားလုံးတို့အား စိန်ခေါ်ရန် ရည်ရွယ်ချက်ရှိနေသည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များဖြစ်စေ၊ အခြားဂိုဏ်းမှ တပည့်များဖြစ်စေ၊ သူတို့အားလုံးတို့သည် ဤအတွက် ပြင်ဆင်ထားကြပြီး ဖြစ်သည်။

ထို့ကြောင်ပင် ရှီထျန်းဟောင်က အားလုံးတို့အား အုပ်စုများအဖြစ် ပြောင်းရမည်ဟု ကြေညာလိုက်သောအခါ အခြားဂိုဏ်းမှ တပည့်များသည် ကန့်ကွက်သော ပုံစံများ ပေါက်လာကြသည်။

အဘယ်ကြောင့်ဆိုသော် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်များသည် ဤစည်းဝေးပွဲတွင် အရေအတွက် အများဆုံး ဖြစ်နေသောကြောင့် ဖြစ်၏။ သူတို့၏ စုစုပေါင်း စွမ်းအားသည် အကြီးမားဆုံး ဖြစ်သည်။

အကယ်၍ အခြားဂိုဏ်းများ အချင်းချင်း စုပေါင်းလိုက်မည် ဆိုလျှင်ပင် သူတို့သည် တစ်ဂိုဏ်းတည်းမှ မဟုတ်ကြပေ။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အပေးအယူ မျှတနိုင်မည် မဟုတ်ပေ။ သူတို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များကဲ့သို့ နီးကပ်မှု ရှိနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ယခုအချိန်တွင် ရှီထျန်းဟောင်က တစ်ဂိုဏ်းတည်းမှ တပည့်များသည် အတူတကွ ပေါင်း၍မရကြောင်း ပြောလိုက်သည်။

ရှီကျင်းယွမ်၊ ရှီဆောင်ချန်းနှင့် ကျန်သောသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် စိတ်ရှုပ်ထွေးကုန်ကြ၏။ သို့သော်လည်း မကြာမီပင် သူတို့က အံ့အားသင့်နေကြသလို အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များကလည်း မှင်သက်နေကြကြောင်းကို သတိထားမိလိုက်ကြသည်။ ဤပြိုင်ပွဲ၏ ပုံစံအား သူတို့ကလည်း အစက မသိထားကြသည်မှာ သိသာနေ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now