စာစဥ် ၄၈ : အပိုင်း ၂
အပိုင်း ၉၁၂ : ဂရန်းမာစတာက မန္တန်တစ်သောင်းမျောက်အား အနိုင်ယူခြင်း (၁)
လင်းဖုန်းသည် သူ၏အရှေ့မှ အစွန်းရောက် စိတ်ဝိညာဥ် နတ်မျောက်အား ကြည့်လိုက်ပြီး သူ၏ မျက်လုံးအစုံသည် အရောင်တောက်ပလာခဲ့သည်။ "အင်.. ကြည့်ရတာ ဒီကနေ့ တိုက်ပွဲက အလကား မဖြစ်တော့ဘူး"
မျောက်သည် ရယ်ရမ်းသွေးလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် နောက်ထပ် ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး လင်းဖုန်းအပေါ်သို့ ခုန်အုပ်လိုက်၍ သူ၏ ဧရာမ လက်များဖြင့် လင်းဖုန်း၏ခေါင်းအား ဆုပ်ကိုင်လိုက်သည်။
သူ၏ လက်သည်းများကို ဆန့်တန်းလိုက်ရာ သူ၏ လက်အပေါ်မှ ဆွတ်ဆွတ်ဖြူနေသော အမွေးများသည် ထူထဲကြမ်းတမ်းသော ကြိုးများကဲ့သို့ ထောင်မတ်လာခဲ့သည်။ ဆယ်မီတာကျော်ရှိသော မျောက်အမွေးများသည် တပြိုင်နက် ထောင်လာကြပြီး သူတို့သည် သန့်စင်သော ရွှေရောင် သတ္တုများကဲ့သို့ မာကျောနေခဲ့သည်။
သူ၏ လက်ဝါးများမှနေ၍ မင်ကဲ့သို့ မည်းနက်နေသော မိစ္ဆာစွမ်းအား အမြောက်အမြားတို့ကို ထုတ်လွှတ်နေခဲ့ကာ သူ၏ အဖြူရောင် အမွေးများနှင့် ပေါင်းစပ်ကာ မီးခိုးရောင် ဖြစ်သွားကြ၏။ မျောက်၏ လက်ဝါးသည်လည်း လျှင်မြန်စွာနှင့် ကြီးထွားလာခဲ့ကာ သူ၏ လက်ချောင်းများဖြင့် နေမင်းနှင့် လမင်းတို့ကို ဖမ်းဆုပ်နိုင်၍ ကောင်းကင်နှင့် မြေကြီးတို့အား ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်နေရသည်။
မျောက်၏ လက်သည်းသည် လင်းဖုန်းထံသို့ ကျဆင်းလာခဲ့ရာ လင်းဖုန်း၏ဘေးမှ အရာအားလုံးတို့သည် ပြိုကွဲကုန်ခဲ့ကာ ထိုလှုပ်ရှားမှု သက်သက်နှင့်ပင် ပျက်သုဥ်းသွားခဲ့သည်။
ဤအရာကို မြင်လိုက်ရသောအခါ လင်းဖုန်း၏ အမူအရာများသည် ပြောင်းလဲသွားခဲ့သည်။ "ဒါက အဆုံးစွန် ဧကရာဇ် ရှန်းယွမ်ရဲ့ မဟာ စိတ်ဝိညာဥ် ဘုရင်လက်ဝါး မဟုတ်လား"
မိစ္ဆာကမ္ဘာတွင် မျိုးနွယ်စုပေါင်း များစွာရှိ၍ တစ်မျိုးချင်းစီတွင် အထူးပြု စွမ်းရည်များ သီးသန့်ရှိကြသည်။ သူတို့၏ နည်းစနစ်နှင့် မှော်ကျိန်စာများသည် အခြားသူများနှင့် ကွဲပြားခြားနားနေကြသည်။ သို့သော်လည်း ရုပ်ကိုယ်ခန္ဓာ စွမ်းအားသက်သက်ကို နှိုင်းယှဥ်ရလျှင် အောက်ပါ မျိုးနွယ်စု လေးခုတို့မှာ ထိပ်ဆုံးတွင် ရှိနေကြသည်။ ရှေးပဝေသဏီမှ နတ်နဂါး၊ သန့်စင်သော သွေးမျိုးဆက် ရွှမ်းဝူ၊ မျိုးသုဥ်းသွားကြပြီ ဖြစ်သော နတ်ဘုရားဆင်များနှင့် ကောင်းကင်သယ်ဆောင် ပုရွက်ဆိတ်တို့ ဖြစ်ကြ၏။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...