စာစဥ် ၄၈ : အပိုင်း ၁၈
အပိုင်း ၉၂၈ : ဂိုဏ်းအတွင်းမှ ဝါဒအုပ်စုများ
ဂိုဏ်းအတွင်းတွင် အချို့သူများက အချင်းချင်း ကြည့်မရသကဲ့သို့ အယူဝါဒ တူကြသူများက အချင်းချင်း အုပ်စုဖွဲ့မိကြမည် ဖြစ်သည်။ ဂိုဏ်းအတွင်း၌ ဝါဒအုပ်စုများ ပေါ်လာကြမည်မှာ ရှောင်လွဲ၍ မရသော ကိစ္စတစ်ခု ဖြစ်သည်။
ဝါဒအုပ်စုများ ပေါ်လာခြင်းသည် ကောင်းကျိုးရှိသလို ဆိုးကျိုးများလည်း ရှိနိုင်သည်။ သူတို့အား နက်ရှိုင်းစွာဖြင့် လေ့လာသုံးသပ်ရမည် ဖြစ်၏။
ပထမ တပည့်လက်ခံခြင်း အခမ်းအနား အပြီးတွင် အသစ်လက်ခံခဲ့သော တပည့်များသည် ရှုယွင်စန်း၊ လီရှင်းဖေးနှင့် လျှိုရှဖုန်းတို့၏ အနားတွင် စုစည်းနေထိုင်ခဲ့ကြသည်။ ဒါသည် ဝါဒအုပ်စုများ ပေါ်လာခြင်း၏ ပထမအဆင့် ဖြစ်သည်။
ပြီးတာနှင့် လင်းဖုန်း၏ လက်ရင်းတပည့်များသည် သူတို့၏ကိုယ်ပိုင် ဗိမာန်များကို စတင်၍ ထူထောင်ကြကာ ဒုတိယမျိုးဆက်မှ တပည့်များကို လက်ခံခဲ့ကြသည်။ တပည့်အသစ် များစွာတို့သည် သူတို့၏ ဆရာများ၏ လက်အောက်တွင် နေ့ရောညပါ လေ့ကျင့်နေခဲ့ရသည်။
သူတို့သည် အချင်းချင်း နီးကပ်စွာ နေခဲ့ရသောအခါ သူတို့ အချင်းချင်း၏ မတူသော အမြင်များမှာ ထင်ရှားလာခဲ့ပြီး တစ်ယောက်ကို တစ်ယောက် အချင်းချင်း အပြစ်မြင်လာကြသည်။ အခြားတစ်ဘက်တွင်မူ စိတ်ချင်း တိုက်ဆိုင်သော သူများသည် အချင်းချင်း အုပ်စုဖွဲ့ကာ တစ်ယောက်နှင့် တစ်ယောက် ပိုမို၍ ရင်းနှီးခင်မင်လာကြသည်။
ထို့အပြင် အခြားဗိမာန်များနှင့်လည်း ပို၍ အဆင်ပြေကြသူများလည်း ရှိလာကြသည်။
အဘယ်ကြောင့် ဆိုသော ဗိမာန်ခေါင်းဆောင်များသည် အချင်းချင်း ကောင်းမွန်သော ဆက်ဆံရေး ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ ဗိမာန်များမှ တပည့်များသည်လည်း သူတို့၏ ခေါင်းဆောင်မှုအောက်တွင် အခြားဗိမာန်များမှ သူတို့နှင့် စိတ်နေသဘောထား တူကြသူများနှင့် မိတ်ဆွေများ ဖြစ်လာကြသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...