စာစဥ် ၃၇ : အပိုင်း ၁၆
အပိုင်း ၇၀၆ : ပထမတပည့်
လင်းဖုန်းသည် ကျောက်စိမ်းပြားများကို ပြန်သိမ်းလိုက်ကာ လက်ရင်းတပည့် တစ်အုပ်စုအား ကြည့်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။ "ငါ့ရဲ့ စကားတွေက မပြောင်းလဲဘူး။ ဒီနေရာမှာ ခတ်နှိပ်ထားတဲ့ အရာတွေဟာ ငါတို့ဂိုဏ်းရဲ့ ဆက်ခံသူတွေ ဖြစ်ကြတယ်။ တစ်နေ့မှာ မင်းတို့ကလည်း ပြင်ပမှာ မင်းတို့နာမည်ကို ခတ်နှိပ်နိုင်တဲ့သူတွေ ဖြစ်လာမယ့်နေ့ကို ငါကစောင့်မျှော်နေတယ်"
ရှောင်ယန်နှင့် ကျန်သောသူများသည် လင်းဖုန်းအား လေးနက်စွာနှင့် ဦးညွှတ်လိုက်ကြကာ ပြောလိုက်သည်။ "ကျွန်တော်တို့က ဆရာကို စိတ်မပျက်စေရပါဘူး။ ကျွန်တော်တို့က ကျွန်တော်တို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို အကောင်းဆုံး မြှင့်တင်နိုင်အောင် ကြိုးစားပါ့မယ်"
လင်းဖုန်းက ပြုံးလိုက်ကာ သူ၏လက်အား ဝှေ့ယမ်းလိုက်သည်။ "ငါကမင်းတို့က အမြဲတမ်းပဲ ကျေနပ်အားရနေပါတယ်"
သူ၏အကြည့်သည် သူ၏ဘေးမှ အလင်းတန်း လိုက်ကာသို့ ရွေ့သွားခဲ့ကာ ဆက်ပြောလိုက်သည်။ "မင်းတို့အားလုံးကလည်း မင်းတို့တပည့်တွေကို ကျေနပ်အားရနေမယ်လို့ ထင်တယ်"
ရှောင်ယန်နှင့် ကျန်သောသူများကလည်း စတင်၍ ရယ်မောလိုက်ကြ၏။ သူတို့အုပ်စုသည် ယန်ချင်အား ကြည့်လိုက်ကြကာ ရှောင်ယန်က ပြုံး၍ပြောလိုက်သည်။ "ဘယ်သူကမှ နံပါတ်ငါး ဂျူနီယာရဲ့ လက်အောက်က ယွင်ချုံးလောက် မထူးချွန်ကြပါဘူး"
ယန်ချင်ကလည်း မအောင့်နိုင်ပဲ ကျန်သောသူများနှင့်အတူ ရယ်မောလိုက်မိသည်။
သူတို့အားလုံးတို့သည် ဘာမှဆက်၍ မပြောတော့ပဲ ပြုံးနေကြသည်။ အမှန်တွင်မူ ကျိုးယွင်ချုံး၏ ပထမတပည့် အဆင့်အတန်းသည် ဤစိတ်ဝိညာဥ် အစည်းအဝေး မတိုင်ခင်ကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ယန်ချင်၏ လုံ့လထုတ်၍ သင်ကြားပေးမှု အပါအဝင် သူ၏ အားထုတ်မှုကလည်း အရေးကြီးသော အပိုင်းတွင် ပါဝင်နေသည်။
မဟုတ်လို့ရှိလျှင် နိဗ္ဗာန်ကမ္ဘာမှ ပထမတပည့် နေရာသည် လွတ်နေမည်သာ ဖြစ်၏။ ယန်ချင်သည် နောက်ပိုင်းတွင် တပည့်များကို ဆက်လက်လက်ခံခဲ့သည်နှင့် ထိုနေရာသည် ကြာရှည်စွာ လွတ်နေမည် မဟုတ်ပေ။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...