အပိုင်း ၁၁၀၇ : ပြင်ပကမ္ဘာတွင် ပြင်းထန်စွာ လှုပ်ရှားနေကြသော်လည်း ဂိုဏ်းအတွင်းတွင်

252 26 0
                                    

စာစဥ် ၅၇ : အပိုင်း ၁၇

အပိုင်း ၁၁၀၇ : ပြင်ပကမ္ဘာတွင် ပြင်းထန်စွာ လှုပ်ရှားနေကြသော်လည်း ဂိုဏ်းအတွင်းတွင် ပြီးပြည့်စုံစွာ အစီအစဥ်တကျ ဖြစ်နေသည်

လင်းဖုန်းသည် စနစ်အတွင်းမှ အဓိကမစ်ရှစ်၏ အထူးဆုကို စောစီးစွာ ရရှိအောင် အချိန်ပို၍ လျင်မြန်စေရန် မလုပ်ခဲ့ပဲ သူတပည့်များကို စိတ်ရှည်လက်ရှည်ဖြင့် ပြုစုပျိုးထောင်နေခဲ့ကာ သူ၏ လက်အောက်မှ ပို၍များလာသော လူငယ်ခြေတက်လေးများက အတူကကွ ကြီးပြင်း တိုးတက်လာသည်ကို စောင့်ကြည့်နေခဲ့သည်။

လင်းဖုန်း ကိုယ်တိုင်ကလည်း နောက်မကျနေခဲ့ချေ။ သူ၏ နည်းစနစ်နှင့် မှော်ကျိန်စာများကို ဆက်လက်၍ ကျင့်ကြံနေကာ ဟင်းလင်းပြင် ဘုရားကျောင်း၏ ဝိညာဥ်ပင်လယ်အား ဖွင့်လှစ်နိုင်ရန် ကြိုးစားနေမှုများကို အနီးကပ် စောင့်ကြည့်နေသည်။

နတ်ဘုရားနယ်မြေ အတွင်းတွင် ယခုအချိန်တွင် ပျံ့နှံ့နေသော အဓိက သတင်းမှာ သေမင်းခန်းမမှ ကျင့်ကြံသူများကို အပြတ်ရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ တိုးတက် အောင်မြင်မှု သတင်းများက အဆက်မပြတ် ရောက်လာကြသည်။

အချိန် ကြာလာသည်နှင့် အမျှ ထိုသတင်းများက ပို၍ပို၍ နည်းလာသည်။ သို့သော်လည်း သေမင်းခန်းမမှ အသတ်ခံရသူများ၏ ကျင့်ကြံမှု အဆင့်အတန်းများက ပိုမြင့်လာခဲ့သည်။ အထူးသဖြင့် လတ်တလောတွင် ငါးကြီးကြီးတစ်ကောင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

သေမင်းခန်းမ၏ ခန်းမခွဲများ အနက်မှ ခန်းမခေါင်းဆောင် တစ်ဦးဖြစ်သော တုရှီဘုရင်အား ဟင်းလင်းပြင် ဘုရားကျောင်းမှ ဖမ်းမိခဲ့သည်။ ထိုမှတဆင့် နောက်ဆက်တွဲ တုံ့ပြန်မှုများ ချက်ချင်း ဖြစ်ပေါ်လာ၏။ တုရှီဘုရင်၏ ခန်းမခွဲ တစ်ခုလုံးက ပျက်သုဥ်းသွားခဲ့၍ အခြား ငရဲဘုရင်များကိုပါ အကျိုးသက်ရောက်မှု ရှိစေခဲ့သည်။

ဇူရီ၊ ဝမ်လင်းနှင့် အခြားသူများကလည်း အကျိုးအမြတ်များ အသီးသီးရခဲ့သည်။ သေမင်းခန်းမသည် ခက်ထန်သော မုန်တိုင်းတစ်ခု၏ တိုက်ခိုက်မှုကို ခံနေရ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now