အပိုင်း ၆၆၅ : အရေးကြီးတာတစ်ခု ပြောဖို့မေ့နေတယ်

455 56 2
                                    

စာစဥ် ၃၅ : အပိုင်း ၁၅

အပိုင်း ၆၆၅ : အရေးကြီးတာတစ်ခု ပြောဖို့မေ့နေတယ်

ဝူယန်သားရဲများ ပေါ်လာခြင်းသည် တောက်ဝူသားရဲနှင့် ဆင်တူပေသည်။ သူသည် လူသားမျက်နှာနှင့် ကျားတစ်ကောင်၏ ခန္ဓာကိုယ် ရှိသည်။ သူသည် အလွန်ပင် ခက်ထန်ကာ သူ၏ ခန္ဓာကိုယ်သည် ကျားသစ်တစ်ကောင်နှင့် မတိမ်းမယိမ်း ရှိ၏။ သူသည် အတော့်ကို လျှင်မြန်ကာ ကြမ်းတမ်းသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွေးများသည် အစိမ်းရောင်ဖြစ်ကာ ရွှေရောင်အလင်းတန်းများဖြင့် လင်းလက်နေခဲ့သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဆက်ခံသူ တပည့်များသည် ထိုသားရဲကို အသေအချာ လေ့လာနေကြ၏။

ရှီထျန်းဟောင်က မိတ်ဆက်ပေးလိုက်သည်။ "ရှေးပဝေသဏီက သားရဲလေးကောင်ထဲမှာ တောက်ဝူက ခေါင်းအမာဆုံး ဖြစ်တယ်။ သူ့ရဲ့ မိစ္ဆာစွမ်းအားတွေက သေစေနိုင်တဲ့ ပိုးမွှားတွေလို အားကောင်းပြီး ခံစစ်ကလည်း ဖျက်ဆီးဖို့ခက်ခဲတဲ့ ခုခံအားရှိတယ်"

"ဒီသားရဲရဲ့ သန်မာတဲ့ အသွေးအသားတွေဟာ ရှေးပဝေသဏီက မိစ္ဆာသားရဲ လေးကောင်အတွင်းမှာ ထိပ်တန်းကရှိတယ်။ တောက်ဝူရဲ့ ခန္ဓာကိုယ်က မိစ္ဆာစွမ်းအားတွေကနေ ပေါက်ဖွားလာတဲ့ ဝူယန်သားရဲတွေဟာ တောက်ဝူလိုပဲ သန်စွမ်းတယ်။ မင်းတို့အားလုံးက အထူးသတိထားမှရမယ်"

ရှီထျန်းဟောင်က အသေအချာ ဖော်ပြလိုက်ရာ ဆက်ခံသူတပည့်များကလည်း သေချာစွာ မှတ်သားနေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ရှီထျန်းဟောင်အား ပိုမိုရိုသေစွာဖြင့် ကြည့်နေကြ၏။

ရှေးပဝေသဏီမှ ခက်ထန်သော သားရဲဖြစ်သော တောက်ဝူမိစ္ဆာ မဟာပဏ္ဍိတသည် ရှီထျန်းဟောင်နှင့် တိုက်ခိုက်ခဲ့ရာ ရှီထျန်းဟောင်သည် သူ၏ အသားတစ်တုံးကို ခုတ်ဖြတ်လာနိုင်ခဲ့သည်။ ရှီထျန်းဟောင်သည် ဒဏ်ရာရလာခဲ့သော်လည်း ဘာပဲပြောပြော သူသည် အခြေတည် ဝိညာဥ် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူ တစ်ဦးသာ ရှိသေးသည်။

ရှီထျန်းဟောင်၏ အနားမှ လူအားလုံးတို့ကလည်း သူ၏ စွမ်းဆောင်ရည်ကို အထင်ကြီးနေကြ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now