စာစဥ် ၄၆ : အပိုင်း ၁၈
အပိုင်း ၈၈၈ : အကြွေးများကို နယ်မြေများဖြင့် ပေးဆပ်ရခြင်း
လျှမ်ဖူသည် သက်ပြင်းတစ်ချက်ကို လေးလံစွာဖြင့် ချလိုက်ပြီး နောက်ဆုံးအနေနှင့် ကြိုးစားလိုက်သည်။ "အရှေ့ကောင်းကင် တံခါးဂိုဏ်းရဲ့ ခေါင်းဆောင် ဆောင်တုန်းထျန်းနဲ့ အရှေ့ပင်လယ် သူတော်စင်တို့ကို သနားညှာတာသောအားဖြင့် ခွင့်လွှတ်ပေးစေလိုပါတယ်.. မဟာကျိုး အင်ပါယာက သူတို့အတွက်နဲ့ အလယ်ကမ္ဘာ တစ်ခုလုံးကို လှဲလှယ်ဖို့ ဆန္ဒရှိပါတယ်"
လင်းဖုန်းသည် သူ့အား တည်ငြိမ်စွာနှင့် စိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။ "ခင်ဗျားက ဆွေးနွေးညှိနှိုင်းမှုတွေရဲ့ အသေးစိတ်ကို ကျုပ်တပည့်ကြီးနဲ့ ပြောနိုင်ပါတယ်"
"ဒါပေမဲ့ တချို့ကိစ္စတွေက စေ့စပ်ညှိနှိုင်းဖို့.. ဒါမှမဟုတ် အလျှော့ပေးဖို့ မဖြစ်နိုင်ဘူး"
လျှမ်ဖူသည် သူ၏ စကားများကို ပြန်လည် မျိုချလိုက်ကာ ဘာမှ ဆက်မပြောတော့ပေ။
ကျယ်ပြန့်သောပင်လယ် ဓားဂိုဏ်းမှ မိုးပြာရောင် သွေးကြော ဓားမာစတာသည် လျှမ်ဖူအား စိုက်ကြည့်လိုက်သော်လည်း ဘာမှ ဆက်မပြောခဲ့ပေ။ လျှမ်ဖူသည် သူတို့အုပ်စုမှ ခေါင်းဆောင်ဖြစ်သည်။
ကျယ်ပြန့်သောပင်လယ် ဓားမာစတာသည် လင်းဖုန်း၏ ဖမ်းဆီးခြင်းကို ခံထားရသော်လည်း ကျယ်ပြန့်သောပင်လယ် ဓားဂိုဏ်း တစ်ခုလုံးက လင်းဖုန်းသည် သူတော်စင် ကောင်းကင်ဓားကို ဖျက်ဆီးပစ်ခဲ့သည့်အတွက ကျေးဇူးတင်နေကြသည်။ ထို့ကြောင့် သူတို့တွင် ရှုပ်ထွေးသော စိတ်ခံစားချက်များ ရှိနေကြ၍ ကောင်းမွန်စွာ မဖော်ပြနိုင်ခဲ့ကြပေ။ မိုးပြာရောင် သွေးကြော ဓားမာစတာသည် ကျယ်ပြန့်သောပင်လယ် ဓားမာစတာ ပြန်လာမှုကို စောင့်မျှော်နေ၍ နောက်ထပ် ခြေလှမ်းများကို ဆွေးနွေးရမည် ဖြစ်သည်။
ရှောင်ယန်နှင့် လီယွမ်ဖန်းတို့သည် ပြန်လည် ရွေးယူရန် အစီအစဥ်များကို ဆွေးနွေးရန် တာဝန်ယူရသည်။
ရှောင်ယန်သည် လွှမ်းခြုံ၍ ဆွေးနွေးခဲ့ကာ လီယွမ်ဖန်းသည် အစီအစဥ် အသေးစိတ်ကို အကောင်အထည် ဖော်ရန် တာဝန်ယူခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...