အပိုင်း ၁၀၄၁ မှ ၁၀၄၅

443 38 0
                                    

စာစဥ် ၅၄ : အပိုင်း ၁၁

အပိုင်း ၁၀၄၁ : ဝမ်လင်း၏ အသက်သုံးမျိုး ကျောက်တုံး

ရှောင်ယန်သည် ဝမ်လင်းအား ကြည့်ကာ ပြောလိုက်သည်။ "ကမ္မတရားရဲ့ အဓိက သဘောတရားက အကြောင်းရှိရင် အကျိုးဖြစ်မယ်… အကျိုးရှိရင် အကြောင်းရှိရလိမ့်မယ်"

"တစ်စုံတစ်ခုရဲ့ အခြေအနေ၊ အချက်အလက်၊ အတွင်းစည်းချက်နဲ့ ဆက်စပ်မှုတွေကို သိခဲ့ရင် သူ့ရဲ့ ရလဒ်ကို ခန့်မှန်းနိုင်တယ်… ဒါမှမဟုတ် ရှိတဲ့ သတင်း အချက်အလက်တွေကို အသုံးပြုပြီး တစ်စုံတစ်ခုရဲ့ အကြောင်းရင်းကို ရှာနိုင်ပြီး ဘာဖြစ်ခဲ့သလဲ ဆိုတာကို သိနိုင်တယ်"

"ဆင်တူစွာနဲ့ပဲ တစ်စုံတစ်ခုရဲ့ အကြောင်းရင်းကို အသုံးပြုပြီး အနာဂတ်မှာ ဘာဖြစ်နိုင်သလဲ ဆိုတာကို သိနိုင်တယ်… အမတန်ကိုမှ ခန့်မှန်းရန် ခက်တဲ့ အနာဂတ်ကို မှန်းဆနိုင်ပြီး အရာအားလုံးကလည်း ကြိုတင် သတ်မှတ်ပြီးသား ဖြစ်သွားလိမ့်မယ်… ကြမ္မာပန်းတိုင်ကို ဖြည့်ဆည်းရုံသာ ဖြည့်ဆည်းနိုင်လိမ့်မယ်… ငါတို့ ကြုံတွေ့ရတဲ့ ပုံမမှန်မှုနဲ့ တိုက်ဆိုင်မှုတွေက ဒီကမ္ဘာရဲ့ အမြင်အရ ပုံမှန်ပဲ"

"ငါတို့က မသိနားမလည်ပဲ လုံလောက်တဲ့ ဗဟုသုတတွေ မရှိလို့ အရာတွေကို မမြင်နိုင်ကြတာ"

ဝမ်လင်းက သူ၏ခေါင်းကို ညိတ်လိုက်သည်။ "ကျွန်တော်က အရင်တုံးက ပါရမီ ဇန်မာစတာရဲ့ လမ်းညွှန်မှုတွေကို ခံခဲ့ရပြီး သံသရာ စက်ဝိုင်းရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို လေ့လာသုံးသပ်ခဲ့တယ်… နောက်ဆုံးမှာ ကျွန်တော်က အသွင်သဏ္ဌာန်လေးမျိုး နယ်နိမိတ် မှော်ကျိန်စာ အနက်က အကြောင်းနှင့်အကျိုး ကမ္ဘာကို တီထွင်နိုင်ခဲ့တယ်"

"ဗုဒ္ဓဝါဒမှာ အစွမ်းထက်တဲ့ မှော်ကျိန်စာ တစ်မျိုးဖြစ်တဲ့ ဘဝသုံးမျိုး ကမ္မကျိန်စာ ဆိုတာ ရှိတယ်… သူက အတိတ်… ပစ္စုပ္ပန်နဲ့ အနာဂတ်တို့ရဲ့ အနောက်က အမှန်တရားတွေကို ထုတ်ဖော်ရတာ… သူ့ကို ဗီရိုကာနာ ဇန်လက်ဝါးနဲ့ နိဗ္ဗာန်ကမ္ဘာ လက်ဝါးတို့နဲ့ တစ်တန်းတည်းထားပြီး ဖော်ပြလို့ရတယ်… သူ့ကို တကယ့်တိုက်ပွဲမှာ အသုံးချလို့ မရပေမဲ့ သူ့ဆီမှာ ကိုယ်ပိုင် ထူးခြားဆန်းကြယ်တဲ့ အသုံးဝင်မှုတွေ ရှိတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now