စာစဥ် ၅၇ : အပိုင်း ၁၈
အပိုင်း : ၁၁၀၈ : ဝေဖန်မှုအောက်မှ ဆန်းစစ်မှု
"အိုး… ငါကတော့ ဒီလိုမျိုး မခံစားရဘူး" ဟန်ရန်က ခက်ထန်သော မျက်နှာထားနှင့် ငယ်ရွယ်သော ဓားကျင့်ကြံသူ၏ စကားကို ကြားလိုက်သောအခါ သူမဘက်သို့ လှည့်ကြည့်လိုက်ကာ အမှုမထားသည့်ပုံဖြင့် ပြန်ပြောလိုက်သည်။ "မင်းကိုယ်မင်းပဲ ကြည့်လိုက်ပါဦး… ဂျူနီယာ ထျန်းရွှမ်… မင်းက အကောင်းကြီး ရှိနေတာပဲ မဟုတ်ဘူးလား"
ထျန်းရွှမ်က သူ၏ အဖြေကို ကြားရသောအခါ သူမ၏ အမူအရာသည် ယခင်ကထက် ပို၍ လေးနက်နေသည့်ပုံ ပေါက်လာ၏။ သူမ၏ မျက်လုံးများ အကြားတွင် စိတ်ဒုက္ခရောက်နေသော ပုံများ ပေါက်လာသည်။
သူမသည် ချင်းဝူစံအိမ်သို့ ဝင်ရောက်ခဲ့ရသောအခါ သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အချိန်ကို ပြန်လည်၍ စဥ်းစားခဲ့မိသည်။ ထိုအချိန်က ဟန်ရန်က အခြေတည်ဝိညာဥ်ကို မဖန်ဆင်းရသေးပဲ ဆင်တူသော ပုံစံရှိသည့် ဆန်းစစ်မှုကို ပထမဆုံး အကြိမ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သူမ၏ ဆန်းစစ်မှု အတွင်းတွင် သူမသည် အချိန်ခဏမျှ သတိလက်လွတ် ဖြစ်သွားအပြီးတွင် သူမ၏ ပြိုင်ဘက်များ၏ အရှင်ဖမ်းခြင်းကို ခံခဲ့ရသည်။ ဓမ္မခန်းမ အတွင်းမှ အလင်းတန်း ပုံရိပ်ယောင်များသည် သူမအား အမှန်ပင် တမင်သက်သက် အန္တရာယ် ပြုခဲ့ကြသည်။
ကံကောင်းစွာဖြင့် သူမတွင် တည်ငြိမ်သော ပင်ကိုစရိုက်ရှိပြီး သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခဲ့၍ သူမ၏ ထူးချွန်ထက်မြက်သော ပါရမီဖြင့် သူမ၏ အင်္ကျီလက်ဝမှ ကျန်နေသော ဖဲချပ်များကို ထုတ်သုံးနိုင်ခဲ့၍ အခြေအနေကို ပြောင်းပြန် လှန်နိုင်ခဲ့သည်။
ထိုပြိုင်ဘက်များသည် အလင်းတန်း ပုံရိပ်ယောင်များ သက်သက်သာ ဖြစ်သည်ဟု သူမက သိနေခဲ့သော်လည်း ထိုအတွေ့အကြုံအား သူမ ပြန်စဥ်းစားလိုက်တိုင်းတွင် ကျောအထဲမှ စိမ့်ကနဲ ဖြစ်နေဆဲ ဖြစ်သည်။
ထျန်းရွှမ်က အတွေးနက်နေသည်ကို ကြည့်လိုက်ပြီး ဟန်ရန်သည် တည်ငြိမ်နေဆဲပင် ဖြစ်ကာ ပြန်ပြောလိုက်သည်။ "ဂျူနီယာ ထျန်းရွှမ်… မင်းက အမျိုးသမီး တစ်ယောက်ဖြစ်တယ်… မင်းရဲ့ မျက်နှာက တစ်ချိန်လုံး တင်းမာနေပေမဲ့ မင်းရဲ့ အလှတရားဟာ တကယ်ပဲ တင့်တယ်ပြေပြစ်တယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...