အပိုင်း ၇၈၆ မှ ၇၉၀

503 43 0
                                    

စာစဥ် ၄၁ : အပိုင်း ၁၆

အပိုင်း ၇၈၆ : ယုကျင်းတောင်၏ စွမ်းအား၊ အစွန်းရောက်ကောင်းကင် စကြာဝဠာ အလင်းတန်း!

ပုံရိပ်ယောင် ပင်လယ်ဒီရေအား ဆင့်ခေါ်လိုက်ပြီးနောက်တွင် လင်းဖုန်းသည် ဆောင်တုန်းထျန်းအား နောက်ထပ်လုံးဝ ဂရုမစိုက်တော့ပေ။ မိုးကြိုးနဂါး ကိုယ်ပွားသည် ခရမ်းရောင် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့ပြီး အသက်ဖန်ဆင်းခြင်း တံခါးနှင့်တကွ ဆာရို မှော်သစ်ပင်အား ခေါ်ဆောင်သွားခဲ့သည်။ သူတို့သည် ပင်လယ်အတွင်းမှ ရေပူဖောင်းများ အတွင်းသို့ ပြေးဝင်သွားခဲ့၏။

ဆောင်တုန်းထျန်းသည် သူတို့အား လိုက်ဖမ်းရန် ကြိုးစားခဲ့လိုက်သော်လည်း ဓာတ်နှစ်ပါး သေးငယ်သော မြူမှုန်တို့က သူ၏အရှေ့တွင် ပေါက်ကွဲသွားခဲ့ကာ သူ့လမ်းကြောင်းကို ဟန့်တားလိုက်သည်။

ခရမ်းရောင် အလင်းတန်းသည် ရေပူဖောင်း အတွင်းသို့ ဝင်ရောက်သွားသောအခါ ဒီရေများက အပြည့်အဝ လွှမ်းမိုးနိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် အရပ်မျက်နှာ ပေါင်းစုံထံသို့ ကျယ်ပြန့်သွားခဲ့သည်။ နဂါးအကြေးခွံမှာ အကြီးမားဆုံးဖြစ်၍ သူသည် ယင်ကျိုးနတ်တောင်ထံသို့ ပြေးဝင်သွားခဲ့၏။

ရေပူဖောင်းအား ဝန်းရံထားသော တိုကင် ၂၄ခုတို့သည် ကြေမွသွားကြပြီး ရေပူဖောင်းမှာ ဒီရေလှိုင်းလုံးများနှင့်အတူ လိုက်ပါသွားခဲ့၍ ယင်ကျိုးနတ်တောင် အနားသို့ ရောက်ရှိလာခဲ့သည်။

လှိုင်းလုံးများက ပြင်းထန်စွာ ပေါ်ပေါက်လာကြသောအခါ ဆောင်တုန်းထျန်းက သက်ပြင်းကိုသာ ချနိုင်ခဲ့၏။ အကယ်၍ သူသည် ရေပူဖောင်းအား ဖျက်ဆီးနိုင်ခဲ့လျှင်ပင် ဘာအဓိပ္ပာယ်မှ ရှိတော့မည် မဟုတ်ချေ။

ထို့အပြင် သူသည် ပုံရိပ်ယောင် ပင်လယ်ဒီရေများအား ရင်ဆိုင်နေခဲ့ရသည်။ ယင်ကျိုးနတ်တောင်၏ တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ယခု ပုံရိပ်ယောင် ပင်လယ်ဒီရေသည် ပန်းလိုင်နှင့် ဖန်ကျန်းနတ်တောင်တို့၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော လှိုင်းလုံးများလောက် မကြီးမားချေ။ သို့သော်လည်း သူ့အား ပေါ့သေးသေးသာ သဘောထားလိုက်လျှင် မှားသွားလိမ့်မည်။ ဆောင်တုန်းထျန်းသည် အခြားဘာကိုမှ ဂရုစိုက်ရန် အင်အားမရှိတော့ချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now