အပိုင်း ၉၂၇ : ဂိုဏ်းဆိုတာက လူအသိုင်းအဝိုင်း အသေးစား တစ်ခုပါ

301 32 0
                                    

စာစဥ် ၄၈ : အပိုင်း ၁၇

အပိုင်း ၉၂၇ : ဂိုဏ်းဆိုတာက လူအသိုင်းအဝိုင်း အသေးစား တစ်ခုပါ

ဟန်ရန်က တန်ယွင်ချင်းအား ကြည့်လိုက်ကာ ပြုံး၍ပြောလိုက်သည်။ "ရလဒ်တွေဟာ နည်းလမ်းတွေကို ဆန်းစစ်ရာမှာ အသုံးပြုတဲ့ တစ်ခုတည်းသော အရာပဲ… မင်းကငါ့ကို မီးနဲ့ ကစားနေတယ်လို့ ပြောတယ်… ဒါပေမဲ့ အမှန်တရားကို ကြည့်လိုက်ရင် ငါအောင်မြင်သွားခဲ့တယ်"

တန်ယွင်ချင်းသည် သူ့အားကြည့်လိုက်ကာ သူ၏ခေါင်းကို ခါလိုက်၍ ပြောလိုက်သည်။ "မင်းက လောင်းကစားပွဲမှာ နိုင်သွားပေမဲ့ လောင်းတဲ့ပုံက မှန်တယ်လို့ ပြောလို့မရဘူး"

"တကယ်လို့ ငါတို့က အန္တရာယ်တွေကို စွန့်စားရမယ် ဆိုရင် ငါက သတ္တိရှိတဲ့ လူတစ်ယောက် အနေနဲ့ ဒီအန္တရာယ်တွေကို ရှောင်တိမ်းဖို့ ဆန္ဒမရှိဘူး"

"ဒါပေမဲ့ ပိုပြီးမှ လုံခြုံရတဲ့ အစီအစဥ် ရှိနေခဲ့ရင်ဘာဖြစ်လို့ စွန့်စားရမှာလဲ… မင်းက ဒီတစ်ခေါက်မှာ အနိုင်ရသွားပေမဲ့ အကြိမ်တိုင်းမှာ အနိုင်ရမယ်လို့ မဆိုလိုဘူး… မင်းရဲ့ စွန့်စားမှုတိုင်းကလည်း အောင်မြင်မယ်လို့ မဆိုလိုဘူး… တကယ်လို့ တစ်ကြိမ်လောက်သာ ရှုံးနိမ့်သွားခဲ့ရင် အကျိုးဆက်တွေက မစဥ်းစားနိုင်အောင် ဖြစ်သွားလိမ့်မယ်"

တန်ယွင်ချင်းသည် ဟန်ရန်ထံသို့ လျှောက်လာလိုက်ကာ အေးစက်စွာနှင့် စိုက်ကြည့်လိုက်ကာ ပြောလိုက်၏။ "မင်းက အရာအားလုံးကို တာဝန်ယူမယ်လို့တော့ မပြောနဲ့နော်… မင်းတာဝန်မယူနိုင်တဲ့ အရာများစွာ ရှိတယ်"

"ဒီတစ်ခေါက်လိုပဲပေါ့… တကယ်လို့ မင်းက ရှုံးနိမ့်သွားခဲ့ရင် မင်းကိုယ်မင်းသာ မကပဲ စီနီယာဟွမ်ကိုပါ အန္တရာယ် ဖြစ်စေခဲ့လိမ့်မယ်"

""ငါတို့မှာ ကွဲပြားခြားနားတဲ့ လမ်းကြောင်းတွေရှိပြီး အကြိုက်ကိုယ်စီ ရှိကြတယ်… တကယ်လို့ မင်းက တစ်ကိုယ်တော် လှုပ်ရှားနေရင် ငါကဘာမှ ဝင်မပြောဘူး… ဒါပေမဲ့ အခြားသူတွေပါ ပါလာခဲ့ရင် မင်းအကောင်းဆုံးလို့ ထင်တဲ့အတိုင်း ကိုယ့်ဘာသာကို လုပ်လို့မရဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDonde viven las historias. Descúbrelo ahora