အပိုင်း ၈၁၆ မှ ၈၂၀

495 39 1
                                    

စာစဥ် ၄၃ : အပိုင်း ၆

အပိုင်း ၈၁၆ : ယန်ချင်၏ အခြေတည်ဝိညာဥ် ဖန်ဆင်းခြင်း

အဆုံးသတ်သော ယင်လောက အတွင်းသို့ ဝင်ရောက်သွား အပြီးတွင် ယန်ချင်၏ ငြိမ်းချမ်းမှုသည် အထီးကျန်မှု အဖြစ်သို့ ပြောင်းသွားခဲ့သည်။ သူသည် သာမန်လူသား တစ်ယောက်၏ ခံစားချက်များကို ပိုင်ဆိုင်ထားခြင်း မရှိတော့ပေ။

သူသည် ကပ်ဆိုးယန်လောက အတွင်းသို့ ဝင်ရောက်သွားသော အချိန်တွင် ကြီးစိုးလွှမ်းမိုးနိုင်၍ အစွဲအလမ်းကြီးသူ တစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။ သူ့တွင် ကပ်ဆိုးတစ်ပါးကို ဆင့်ခေါ်နိုင်သည့် ဖိနှိပ်နိုင်သည့် စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်။ ဒါသည် အဖြူရောင် ဝတ်ရုံနှင့် ကျင့်ကြံသူအား အလွန်အမင်း ကြောက်လန့်စေခဲ့သည်။

အဖြူရောင် ဝတ်ရုံနှင့် ကျင့်ကြံသူက နှာမှုတ်လိုက်၏။ "မင်းရဲ့ လူတစ်ကိုယ်လုံး ပြောင်းလဲသွားပေမဲ့ မင်းက ရွှေရောင်ဗဟိုချက် အဆင့်မှာပဲ ရှိသေးတယ်.. မင်းက ငါတို့ကို အနိုင်ယူနိုင်ပေမဲ့ အင်မော်တယ် ဝိညာဥ် အဆင့်က တစ်စုံတစ်ယောက်ကိုတော့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး.. ချင်းကွမ်းဘုရင်ကို လိုက်ရှာတာက သေမင်းကို လိုက်ရှာတာနဲ့ အတူတူပဲ"

ယန်ချင်သည် သူ၏ခေါင်းကို အသာလှည့်ကြည့်လိုက်၍ သူ၏ခန္ဓာကိုယ် အတွင်းမှ အော်ရာက ထပ်ဖန်တခါ ထိုးတက်လာခဲ့သည်။

အဖြူရောင် ဝတ်စုံနှင့် ကျင့်ကြံသူသည် ယွဲ့ဟုန်ယန်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည့် ယင်ယန် ဝိညာဥ်လွင့်ပြယ်ဗုံအား ကြည့်လိုက်ကာ ပြောလိုက်သည်။ "တကယ်လို့ သူမက ဒီဗုံကို မဖိနှိပ်ထားနိုင်ခဲ့ရင် ငါ့ရဲ့ မှော်ရတနာက မင်းကို ဖိနှိပ်ထားနိုင်တယ်"

"တကယ်လို့ ငါတို့သုံးယောက်က စုပေါင်းတိုက်ခိုက်ခဲ့ရင် မင်းကို မနိုင်ရင်တောင် မင်းက အသာစီးရမှာ မဟုတ်ဘူး"

ယန်ချင်၏ ခန္ဓာကိုယ်မှ တောက်လောင်နေသော မီးတောက်များသည် စတင်၍ ငြိမ်းသက်သွားခဲ့ကာ သာမန်ပုံစံ ပြန်ပေါက်သွားခဲ့သည်။ သူသည် အဖြူရောင် ဝတ်စုံနှင့် ကျင့်ကြံသူအား တည်ငြိမ်စွာဖြင့် ကြည့်လိုက်ကာ ဘာမှ ထပ်မပြောခဲ့ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now