အပိုင်း ၈၈၅ : ပြန်လည်ရွေးယူခြင်း

377 43 0
                                    

စာစဥ် ၄၆ : အပိုင်း ၁၅

အပိုင်း ၈၈၅ : ပြန်လည်ရွေးယူခြင်း

ဟင်းလင်းပြင် ဘုရားကျောင်းမှ လူများအားလုံးတို့သည် ထိုက်ရီသူတော်စင်ထံသို့ ကြည့်လိုက်ကြသည်။

ထိုက်ရီသူတော်စင်၏ အကြည့်သည် ကျန်းရီသူတော်စင် အပေါ်သို့ ကျသွားခဲ့ကာ နောက်ထပ် သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်သည်။ သူသည် စကားအရှည်ကြီး ပြောမနေခဲ့ပဲ သာမန်သာ ရှင်းပြလိုက်သည်။ "သူ့ကို အနိုင်ယူဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. ဒါပေမဲ့ သူ့ကို သတ်ချင်တယ် ဆိုရင်တော့ နောက်ထပ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပြီ"

"ငါကသူ့ကို ချုပ်နှောင်ထားဖို့ပဲ လိုအပ်တယ်.. ငါက မဟာကပ်ဘေးကို ဆင့်ခေါ်လိုက်ပြီးရင် နှစ်ယောက်စလုံး အတူတူ သေကြရုံပဲ ရှိမယ်"

သူ၏ စကားလုံးများသည် ဟင်းလင်းပြင် ဘုရားကျောင်းမှ အခြား အကြီးအကဲများကို တည်ငြိမ်လေးနက်သွားစေကာ မည်သူကမှ ထိုအကြောင်းကို ကြားရသည်မှာ ပျော်ရွှင်မှု မရှိနိုင်ကြပေ။

ထိုက်ရီသူတော်စင်က ဆက်ပြောလိုက်သည်။ "သူက သေမင်းဧကရာဇ် ဒါမှမဟုတ် အစွန်းရောက်ဧကရာဇ် နောက်တစ်ယောက် မဖြစ်လာပါစေနဲ့လို့ပဲ ဆုတောင်းရမယ်.. ပြီးတော့ ရှေးဟောင်း စေတန် ဂိုဏ်းခေါင်းဆောင် နောက်တစ်ယောက် မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ"

ချင်းရီ သူတော်စင်မယ်က တည်ငြိမ်စွာနှင့် ပြန်ပြောလိုက်သည်။ "ဘယ်သူကမှ အသေအချာ မသိဘူး"

"ငါတို့က ပိုင်ယွင်တောင်မှာ ရှိနေကြရင် အတော်ကို အဆင်ပြေမယ်.. ပိုင်ယွင်တောင်ရဲ့ အပြင်ဘက်မှာဆိုရင် အန္တိမ ကောင်းကင်ကြေးမုံက ပြီးပြည့်စုံတဲ့ အခြေအနေမှာ ရှိမနေရင် ကျွန်တော်တို့က သူ့ကို ချုပ်နှောင်ဖို့ လူတွေအများကြီး ပိုပြီးမှ လိုအပ်မယ်" ချိုင်ဖန်းကျိုးက ဖြစ်နေခြေများကို စဥ်းစားနေရင်း ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်က သေခါနီးမှာ ပြန်လည် တုံ့ပြန်နိုင်ခဲ့ရင် ကျွန်တော်တို့ အထဲက လူအများကြီး သူနဲ့အတူ လိုက်သွားရလိမ့်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now