အပိုင်း ၁၀၉၂ : ခံစားချက် ရှိသောသူများကလည်း ယောကျ်ားပီသနိုင်သည်

228 28 0
                                    

စာစဥ် ၅၇ : အပိုင်း ၂

အပိုင်း ၁၀၉၂ : ခံစားချက် ရှိသောသူများကလည်း ယောကျ်ားပီသနိုင်သည်

ရှောင်ယန်နှင့် ဇူရီတို့သည် လင်းဖုန်းအား လှည့်ကြည့်လိုက်ကြသည်။ လင်းဖုန်းသည် သူတို့၏ ခန့်မှန်းချက်များကို အတည်ပြုပေးခဲ့သော်လည်း သူတို့က မှင်သက်နေကြသေး၏။ ယန်ချင်၊ လီယွမ်ဖန်းနှင့် ကျန်သောသူများသည် ပို၍ပင် အံ့ဩ တုန်လှုပ်သွားကြသည်။ ပုံမှန်ဆိုလျှင် တည်ငြိမ်နေသော လီယွမ်ဖန်းသည်ပင်လျှင် ယခုအချိန်တွင် အံ့အားသင့်နေသည့်ပုံ ပေါက်လာသည်။

လင်းဖုန်းက ဖွဖွလေး ပြောလိုက်သည်။ "ငါကလည်း ၁၀၀% မသေချာပေမဲ့ ငါထင်တာ မမှားရင် ဝမ်ချီယန်ရဲ့ ဇနီးက မိစ္ဆာတစ်ယောက်ပဲ"

"ဒါပေမဲ့ သူမက ငါတို့ ကြုံတွေ့နေကြ မိစ္ဆာမျိုးနဲ့ မတူဘူး… သူမက စိတ်ဝိညာဥ် စွမ်းအင်တွေ… အသက်အော်ရာတွေနဲ့ ပြည့်နေတဲ့ တိမ်တိုက် တစ်ခုလိုမျိုး ထူးခြားတယ်… အချိန်အတော်ကြာပြီးတဲ့ အနောက်မှာ သူမရဲ့ စိတ်ဝိညာဥ် အသိစိတ်တွေက တိုးတက်လာပြီး မိစ္ဆာတစ်မျိုး ဖြစ်လာတာပဲ"

"မင်းတို့က သူမကို မိစ္ဆာတစ်ယောက် ဒါမှမဟုတ် လူထူးလူဆန်း တစ်ယောက်လို့ ခေါ်နိုင်တယ်… အသေးစိတ် အနေနဲ့ကတော့ ငါကလည်း အဲ့ဒီနေရာမှာ မရှိတဲ့အတွက် မပြောနိုင်ဘူး"

လင်းဖုန်းသည် သူ့ဘေးမှ အဆောက်အအုံအား အကဲခတ်လိုက်သည်။ "ချန်ကောင်းကင် မှော်ကျိန်စာ ဓားသွားနဲ့ ရွှမ်ကောင်းကင် တံဆိပ်တို့ ပြောဖူးတာက ရှေးဟောင်းခေတ် အတွင်းမှာ တိမ်တိုက်မိစ္ဆာ တစ်ယောက် ပေါ်လာခဲ့ဖူးတယ်တဲ့… အဲ့ဒီ တိမ်တိုက်မိစ္ဆာက ထူးဆန်း အံ့ဩဖွယ်ကောင်းပြီး လျှို့ဝှက် ဆန်းကြယ်ကာ ခန့်မှန်းရ ခက်ခဲတယ်"

ဇူရီက မှတ်ချက်ချလိုက်သည်။ "တိမ်တိုက်မိစ္ဆာ… ဒီလိုဆိုရင် သူက ဆိုးရွားတဲ့ပုံ မပေါ်ပဲ ကောင်းကင်ပေါ်က တိမ်တိုက်တွေလိုမျိုး တင့်တယ်တာပေါ့"

လီယွမ်ဖန်း၏ တပည့်ဖြစ်သော တန်ယွင်ချင်းက ရုတ်တရက်ပင် လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "မိစ္ဆာတွေက အချောအလှ တစ်ယောက်နဲ့ ထောင်ချောက်ဆင်ထားတာရော မဖြစ်နိုင်ဘူးလား… ဘာပဲပြောပြော ရှန်းယွမ် မမြင့်တက်လာသေးခင်မှာ အန္တိမ ကောင်းကင်ကြေးမုံကလည်း အပြည့်အဝ မသက်သာလာသေးခင် ဝမ်ချီယန်က မိစ္ဆာတွေအတွက် အသန်မာဆုံး ပြိုင်ဘက်ဖြစ်တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeNơi câu chuyện tồn tại. Hãy khám phá bây giờ