အပိုင်း ၈၈၄ : အရင်အတိုင်း ဘယ်တော့မှ မဖြစ်နိုင်တော့ချေ

370 37 0
                                    

စာစဥ် ၄၆ : အပိုင်း ၁၄

အပိုင်း ၈၈၄ : အရင်အတိုင်း ဘယ်တော့မှ မဖြစ်နိုင်တော့ချေ

လင်းဖုန်းသည် ပိုင်ယွင်တောင်ပေါ်မှ ထိုက်ရီသူတော်စင်နှင့် ကျန်သောသူများအား ကြည့်လိုက်သည်။ ကောင်းကင်နှင့် မြေကြီးတို့တွင် ဤအချိန်၌ တိတ်ဆိတ်မှုများက ကြီးစိုးသွားကြသည်။

အချိန်အကြာကြီး ကြာသွားပြီးမှသာ ထိုက်ရီသူတော်စင်က သူ၏ခေါင်းကို အနည်းငယ် ခါလိုက်သည်။ "လင်းဖုန်း.. ခင်ဗျားရဲ့ ဓားက နိမိတ်မကောင်းတဲ့ ခံစားချက်တွေ ရှိနေတယ်.. သူရဲ့ ဓားဆန္ဒက အရာအားလုံးကို ဖျက်ဆီးလိုနေတဲ့ ကြီးမားတဲ့ စိတ်ဆန္ဒတွေ ရှိနေတယ်.. တကယ်လို့ ဒီဆန္ဒက ထပ်ပြီးတော့ ကြီးထွားလာခဲ့ရင် သူ့ဆီမှာ ကမ္ဘာကြီး တစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်လာနိုင်လိမ့်မယ်.. ဒီအချိန် ရောက်လာတဲ့အချိန်မှာ ခင်ဗျားကလည်း အလစ်အငိုက် မိသွားမှာကို စိုးရိမ်မိပါတယ်"

လင်းဖုန်းက ရယ်လိုက်သည်။ "ကျုပ်အတွက် ပူပန်ပေးတာကို ကျေးဇူးတင်ပါတယ်.. ကျုပ်ဓားနဲ့ ပတ်သတ်လို့ ဘာလုပ်ရမလဲ ဆိုတာကို ကျုပ်သိပါတယ်"

သူ၏စကားဆုံးသည်နှင့် လင်းဖုန်းသည် သူ၏ ညာလက်ကို အားလျှော့လိုက်ကာ ကောင်းကင်ဖျက်ဆီး ဓား၏ ဓားရိုးကို လွှတ်လိုက်သည်။ သူသည် တစ်စုံတစ်ခုအား စဥ်းစားလိုက်ရာ ကောင်းကင်ဖျက်ဆီး ဓားသည် အပေါ်သို့ မြင့်တက်လာခဲ့၏။

သူ၏ ခြေထောက်အောက်မှ ကောင်းကင်ဖျက်ဆီး ဓားဝင်္ကပါသည် စတင်၍ လင်းလက်လာခဲ့ကာ မရေမတွက်နိုင်သော ဓားများက သူတို့အတွင်းမှ ထွက်လာကြသည်။ ဓားဝင်္ကပါအတွင်းမှ ထွက်သွားပြီး အနောက်တွင် ထိုဓားများသည် စူတောင်အပေါ်သို့ မိုးစက်များအလား ကျဆင်းသွားခဲ့သည်။

ထိုဓားများသည် အပြည့်အဝ ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သော်လည်း သူတို့၏ ဓားသွားများမှ အလင်းတန်းများသည် ယခင်ကနှင့် မတူတော့ချေ။ အချို့ဓားများမှာ တောင်တန်းများ အကြားသို့ ကျသွားကြကာ အချို့သည် စီးဆင်းနေသော အလင်းတန်းများ အဖြစ် ကောင်းကင်အကြားတွင် ပျံ့နှံ့သွားကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now