စာစဥ် ၄၇ : အပိုင်း ၁၄
အပိုင်း ၉၀၄ : ထောင်ချောက်သို့ သွားရာလမ်း
ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်သည် အကြွင်းမဲ့မီးတောက် ခုနှစ်မျိုး အတွင်းတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ဒဏ္ဍာရီများ အရ ဤနတ်ဆိုးမီးတောက်သည် ငရဲပြည်၏ အောက်ဆုံးအဆင့်များမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်ကာ အလွန်အမင်းကို ခက်ထန်ကြမ်းကြုတ်လှ၏။
ငရဲကမ္ဘာ လေပြင်းနှင့် ငရဲကမ္ဘာ အကြွင်းမဲ့ရေများနှင့် အတူ ထိုမီးတောက်သည် ငရဲကမ္ဘာ ပင်လယ်အတွင်းမှ အစပြုလာခြင်း ဖြစ်သည်။
ငရဲကမ္ဘာ ပင်လယ်အတွင်းတွင် ကောင်းကင်နှင့် မြေကြီးတို့အား အေးခဲစေလိုနေသည့် ငရဲကိုးလွှာ လေပြင်းသာမက အရာအားလုံးတို့ကို သန့်စင်နေလိုသည့် ငရဲကမ္ဘာ အကြွင်းမဲ့ရေ၊ အရာအားလုံးတို့အား ပျက်သုဥ်းနေစေလိုသည့် ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်တို့လည်း ရှိကြသည်။
တိုက်ရိုက် ဖျက်စီးနိုင်မှု စွမ်းအား သက်သက်သာဆိုလျှင် ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်သည် ငရဲကိုးလွှာ လေပြင်းနှင့် ငရဲကမ္ဘာ အကြွင်းမဲ့ရေတို့ထက် သာလွန်သည်။
ထိုမီးတောက်၏ ဖျက်ဆီးနိုင်မှု စွမ်းအားအား အခြား အကြွင်းမဲ့မီးတောက် ခြောက်မျိုးတို့ကပင် မမီချေ။
သမိုင်းအစကတည်းက မူလကောင်းကင် ကမ္ဘာ အတွင်း၌ ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်အား ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသော မျိုးနွယ်စုမှာ ဖန်းရှီး မျိုးနွယ်စုပင် ဖြစ်သည်။
ထို့ကြောင့်ပင် သူတို့အား မီးလျှံသားရဲများဟု ခေါ်ကြခြင်း ဖြစ်သည်။ မိုးကြိုးသားရဲ အန်းမောင်နှင့် အမှောင်သားရဲ မင်းတုတို့နှင့် တူညီစွာ သူတို့သည် စွမ်းအားတစ်မျိုးအား အမြင့်ဆုံး အဆင့်အထိ ထုတ်ဖော်နိုင်သည့် မိစ္ဆာ မျိုးနွယ်စုများ ဖြစ်ကြသည်။
သူတို့သည် ကမ္ဘာဦးခေတ်ကတည်းက သီးသန့်နေတတ်ကြသော ဖီးနစ်များနှင့် ယှဥ်နိုင်ကာ ကိုယ့်ကိုယ်ကိုယ် မီးတောက်ဘုရင်ဟု ကြွေးကြော်ကြသော ဖန်းရှီးများသည် ရွှေကျီးများထက် ပို၍ အစွမ်းထက်ကြသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...