အပိုင်း ၁၀၇၁ : သုံးပွင့်ဆိုင် ဆွေးနွေးကြခြင်း

272 31 0
                                    

စာစဥ် ၅၆ : အပိုင်း ၁

အပိုင်း ၁၀၇၁ : သုံးပွင့်ဆိုင် ဆွေးနွေးကြခြင်း

ဂူယွမ်ခိုင်၏ စကားများသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ မြင့်တက်လာမှုသည် အတော်ကို မြန်ဆန်နေလွန်းသည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။ သူတို့သည် ယခုအချိန်တွင် အလွန်အမင်းကို စွမ်းအားထက်နေကြသော်လည်း သူတို့ တိုးတက်အောင် လုပ်ရမည့် အရာများစွာ ရှိသေးသည်။

ဂူယွမ်ခိုင်၏ စကားများကို ကြားရအပြီးတွင် လင်းဖုန်းသည် စိတ်အနှောင့်အယှက် မဖြစ်သွားခဲ့ပေ။ သူက ပြုံး၍ ဂူကျွန်းအား ကြည့်လိုက်သည်။ "ခင်ဗျားရဲ့ အမြင်က ဘယ်လိုလဲ… ရဲဘော်ဂူ"

ဂူကျွန်းသည် တည်ငြိမ်နေဆဲသာ ရှိသေးကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "လူတစ်ယောက်ရဲ့ အတွေ့အကြုံက တိုးတက်လာတာနဲ့ အမျှ သူက ဘယ်လောက်အထိ အတွေ့အကြုံ ရှိသလဲ ဆိုတာကပဲ အရေးကြီးပြီး သူက ဘယ်လောက်ကြာကြာ အတွေ့အကြုံတွေ ရှိခဲ့သလဲ ဆိုတာက အရေးမကြီးဘူး"

ဂူယွမ်ခိုင်သည် သူ၏ မျက်မှောင်များကို ကြုတ်လိုက်သော်လည်း ဘာမှ သိပ်မပြောခဲ့ပေ။ ဂူချန်းကလည်း ငြိမ်သက်နေခဲ့၏။

ဂူကျွန်းက လင်းဖုန်းအား ကြည့်လိုက်သည်။ "ဒါပေမဲ့ ကျုပ်ရဲ့သမီးက အရမ်းဆိုးတယ်… သူက ခင်ဗျားတို့ဂိုဏ်းကို ပြဿနာတွေ အများကြီး သယ်လာမှာကို စိုးရိမ်မိပါတယ်"

"ခင်ဗျားရဲ့ သမီးက အမတန်မှ ထူးချွန်ပြီး လူအများရဲ့ သဘောကျခြင်းကို ခံနေရတယ်" လင်းဖုန်းက ပြုံးလိုက်သည်။ သူ၏ လက်ဝါးကို လှန်လိုက်ရာ အလင်းတန်း တစ်တန်းပေါ်လာ၍ ဂူကျွန်းနှင့် ကျန်သောသူများ၏ အရှေ့တွင် လွင့်မျောနေသည်။ သူသည် မှေးမှိန်သော အလင်းတန်းများဖြင့် လင်းလက်နေသော စာရွက်တစ်ခု ဖြစ်၏။ ထိုစာရွက်အပေါ်တွင် စကားလုံးအချို့ ရှိနေသည်။

ဂူကျွန်းနှင့် ကျန်သောသူများသည် အစပထမတွင် အံ့ဩ တုန်လှုပ်သွားကြသည်။ သို့သော်လည်း ထိုစာရွက် အပေါ်မှ စာသားများကို တွေ့လိုက်ရသော အခါ သူတို့၏ မျက်လုံး သူငယ်အိမ်များ ကျဥ်းမြောင်းသွားကြသည်။ ဂူကျွန်းနှင့် ဂူချန်းတို့သည် ဂူယွမ်ခိုင်အား လှမ်းကြည့်လိုက်ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now