အပိုင်း ၈၈၁ : အရာအားလုံးတို့အား ကံကြမ္မာ ကြိုတင်သတ်မှတ်ပြီး ဖြစ်သည်

344 42 0
                                    

စာစဥ် ၄၆ : အပိုင်း ၁၁

အပိုင်း ၈၈၁ : အရာအားလုံးတို့အား ကံကြမ္မာ ကြိုတင်သတ်မှတ်ပြီး ဖြစ်သည်

တစ်ခဏ အတွင်းမှာပင် လင်းဖုန်းသည် ကောင်းကင်နှင့် မြေကြီးအတွင်းမှ အရာအားလုံးတို့သည် ထက်မြက်၍ အေးစက်သော ဓားအလင်းတန်းများ အဖြစ်သို့ ပြောင်းသွား၍ သူ့ထံသို့ ထိုးဖောက်ဝင်ရောက်လာသည်ဟု ခံစားမိခဲ့ရသည်။

ကောင်းကင်အတွင်းမှ ကြယ်တာရာများ၊ သူ၏ ခြေထောက်အောက်မှ မြေကြီး၊ ကောင်းကင်ပေါ်မှ တိမ်တိုက်များ၊ စူတောင်မှ တောင်ထိပ်များ၊ တောင်များအကြားမှ ချိုင့်ဝှမ်းနှင့် မြစ်များ၊ စိမ်းလမ်းစိုပြည်နေသော သစ်ပင်နှင့် မြက်ပင်များ။

မြောက်ဝင်ရိုးစွန်း ပင်လယ်မှ ရေခဲတောင်များ၊ တောင်ပိုင်း တောရိုင်းဒေသမှ ရွံ့ညွှန်များ၊ အနောက်မြောက်ပိုင်း ဒေသမှ သဲကန္တာရများနှင့် အရှေ့ပင်လယ်မှ လှိုင်းဂယက်များကပင် လေဟာနယ် အရံအတားများကို ကျော်ဖြတ်ကာ ဓားအလင်းတန်းများအဖြစ် လင်းဖုန်းထံသို့ ဝင်ရောက်လာကြသည်။

ရွာငယ်လေး တစ်ရွာမှ အုတ်ခဲတစ်တုံးကပင် ဓားအလင်းတန်း အဖြစ်သို့ ပြောင်းသွားခဲ့ကာ လေဟာနယ်ကို ထိုးဖောက်ပြီး လင်းဖုန်းအား တိုက်ခိုက်ခဲ့သည်။

သူအစောပိုင်းကတင် ထိန်းချုပ်နေသော လင်းဖုန်းရှိနေသည့် လေဟာနယ် အတွင်းမှ စိတ်ဝိညာဥ် စွမ်းအင်များသည်ပင်လျှင် သူ၏ ရန်သူများသဖွယ် ဖြစ်သွား၏။ သူတို့သည် သူအားသတ်ဖြတ်ရန် ရည်ရွယ်၍ သူ၏အသက်ကို ခြိမ်းခြောက်နေကြသည်။

သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ စိတ်ဝိညာဥ် စွမ်းအင်များကို သူ၏ စွမ်းအားများ အဖြစ်သို့ ပြောင်းလဲလိုက်သည်။ သူ၏ အတွင်းအင်္ဂါများသည် အထိုးဖောက်ခံလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ထိုနာကျင်မှုသည် ပုံရိပ်ယောင်လိုလို၊ အစစ်အမှန်လိုလို ဖြစ်နေခဲ့သည်။

လင်းဖုန်းက ရယ်လိုက်သည်။ သူသည် ကောင်းကင်ဖျက်ဆီး ဓားကို သူ၏ညာလက်ဖြင့် ကိုင်ထားကာ သူ၏ဘယ်လက်မှ လက်ငါးချောင်းတို့ကို ကျယ်ပြန့်စွာ ဖြန့်ကားလိုက်သည်။ သူသည် စူတောင်အား ဖိချလိုက်သည့် ပုံသဏ္ဌာန် ပြုလုပ်လိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now