အပိုင်း ၁၀၅၉ : ရန်သူနယ်မြေတွင် ခံတပ်တည်ဆောက်ခြင်း

276 25 0
                                    

စာစဥ် ၅၅ : အပိုင်း ၉

အပိုင်း ၁၀၅၉ : ရန်သူနယ်မြေတွင် ခံတပ်တည်ဆောက်ခြင်း

ရှီထျန်းဟောင်သည် ထိုစကားကို ကြားရသောအခါ သူ၏ မျက်လုံးအစုံမှာ တောက်ပသွား၏။ "အိုး… ဘယ်နေရာမှာလဲ"

ဟွမ်ကျန်းထင်သည် ရယ်ကာ ပြန်ဖြေလိုက်သည်။ "တောင်ပိုင်း တောရိုင်းဒေသမှာ မဟာလွင်တီးခေါင် ကုန်းမြေကိုသွားတဲ့ နယ်နိမိတ် လမ်းကြောင်းရှိတယ်… မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းကို ဝင်သွားအပြီးမှာ အရှေ့ကို မိုင်၄၀၀၀ သွားလိုက်ရင် ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်ရှိတဲ့ လျှိုမြောင်တစ်ခု ရှိတယ်"

သူသည် သူ့ဘေးမှ လူငယ်အား ကြည့်ကာ ပြောလိုက်သည်။ "ပြောရရင် သူ့ကို ရှီယန်က တွေ့ခဲ့တာ"

သူသည် ကြမ်းတမ်းသော ပုံစံရှိသည့် လူငယ်တစ်ယောက် ဖြစ်သည်။ သူသည် အခြေခံအုတ်မြစ် အဆင့်တွင်သာ ရှိသေးသော်လည်း ကြောက်ရွံ့မှု ကင်းသည့်ပုံ ပေါက်နေသည်။

သူ့အား ရှီယန်ဟုခေါ်ကာ ဟွမ်ကျန်းထင်၏ လက်ရင်းတပည့် တစ်ဦးဖြစ်သည်။ သူသည် ဂိုဏ်းအတွင်းသို့ ဝင်လာသည်မှာ သိပ်မကြာသေးသော်လည်း နာမည်ကျော်နေပြီ ဖြစ်သည်။ သူ၏ အကြီးအကဲများနှင့် ရဲဘော်ရဲဘက်များက ကောင်းစွာ ချီးမွမ်းနေကြသည်။

သူသည် ရှီထျန်းဟောင်နှင့် ဆွေမျိုးလည်း တော်စပ်သည်။ သူသည် ရှီမိသားစုမှ မျိုးဆက်တစ်ယောက် ဖြစ်ကာ အံ့ဖွယ် ကောင်းကင်ကမ္ဘာအတွင်းသို့ ဝင်ခဲ့သူ ဖြစ်သည်။ သူငယ်စဥ်ကတည်းက စမ်းသပ်မှုများကို အောင်မြင်ခဲ့၍ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အတွင်းသို့ ဝင်ခဲ့သည်။

အံ့ဖွယ် ကောင်းကင်ကမ္ဘာ အတွင်းသို့ ဝင်ကြသော ရှီမိသားစု အဖွဲ့ဝင်များသည် ဆွေမျိုးနီးစပ်များသာ ဖြစ်ကြသည်။ သူတို့သည် ယခင်က တစ်ယောက်နှင့် တစ်ယောက် အကျွမ်းတဝင် မရှိကြသော်လည်း အံ့ဖွယ် ကောင်းကင်ကမ္ဘာအတွင်းသို့ ဝင်ရောက်ကြ အပြီးတွင် ခင်မင်ရင်းနှီးလာကြသည်။

သူတို့အတွင်းတွင် ကျင့်ကြံမှု ပါရမီများ ပါလာကြသူ အချို့ ရှိသည်။ သို့ရာတွင် ထူးချွန်ထက်မြက်သော သူများကို တွေ့ရခဲသည်။ ရှီယန်သည် ထိုအတွင်းတွင် ပါသည်။ သူ့တွင် ရှီမိသားစု၏ လူငယ်မျိုးဆက်မှ လူများအားလုံးထက် သာလွန်သော ပင်ကိုယ် စွမ်းရည်များ ရှိသည်။ သူသည် မဟာချင် အင်ပါယာ၏ မျက်စိကျမှုကိုပင် ခံခဲ့ရ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now