စာစဥ် ၃၆ : အပိုင်း ၈
အပိုင်း ၆၇၈ : မင်းအပူမပါဘူး
ချူးယန်သည် ဤချစ်ကြည်ရေး ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့သော်လည်း သူ၏ စွမ်းဆောင်ရည်များမှာ အကောင်းကြီး မဟုတ်သလို အဆိုးကြီးလည်း မဟုတ်ခဲ့ပေ။ သာမန်မျှသာ ဖြစ်၏။
ဒါသည် ထာဝရ တောင်တန်းဂိုဏ်းမှ တပည့်တစ်ယောက်၏ အဆင့်အတန်းနှင့် ကိုက်ညီနေပေသည်။ ဤစည်းဝေးပွဲသို့ တက်ရောက်ခဲ့ကြသော မဟာ အင်အားစုများ အကြားတွင် ထာဝရ တောင်တန်းဂိုဏ်းသည် အောက်ဆုံးအဆင့်များ အကြားတွင် ပါနေ၏။
ချူးယန်သည် ဆိုးဝါးစွာဖြင့် မစွမ်းဆောင်ခဲ့သဖြင့် အကြီးအကဲများကလည်း သတိထားမိခဲ့ကြသည်။
ဘာပဲပြောပြော သူ၏ မူလကျင့်ကြံမှုသည် ရွှေရောင်ဗဟိုချက် အဆင့်တွင် ရောက်နေပေပြီ။ သူသည် အခြေခံအုတ်မြစ် အဆင့်သို့ အဖိနှိပ်ခြင်း ခံခဲ့ရသော်လည်း သူ၏ စွမ်းဆောင်ရည်များမှာ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
သို့သော်လည်း သူအား သာမန်ဟုသာ ယူဆနိုင်သော အကြောင်းရင်းများ ရှိနေ၏။ ကျန်သောသူများသည် သူ၏ စွမ်းဆောင်မှုနှင့် ပတ်သတ်၍ ချီးကျူးကြမည် မဟုတ်သလို နှိမ့်ချကြမည်လည်း မဟုတ်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ အဖွဲ့အတွင်းတွင် ပါရမီရှင်များ ပါနေကြသောကြောင့် ဖြစ်သည်။
ဂိုဏ်းတွင်းပြိုင်ပွဲ အတွင်းတွင် စွမ်းဆောင်ရည် အကောင်းဆုံးသူများ အနက် တစ်ယောက် အပါအဝင်ဖြစ်သော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဟွမ်ကျန်းထင်။
မဟာချင် အင်ပါယာ၏ တော်ဝင်မိသားစုမှ လူငယ်ကြယ်ပွင့် တစ်ယောက်ဖြစ်သော ရှီယု၏ အငယ်ဆုံး သမီးတော် ရှီကျင်းယွမ်။
အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ အစောဆုံး အသုတ်မှ ဆက်ခံသူတပည့်၊ ငရဲမီးချောက်ကမ်းပါးမှ တပည့်တစ်ယောက်ဖြစ်သူ ယန်ဝူဝေ။
ကျန်သောတစ်ယောက်ဖြစ်သည့် ရှင်းဟန်မှာလည်း မဟာကျိုး အင်ပါယာမှ ပါရမီရှင် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ သူ၏ ကျင့်ကြံမှုသည် ရွှေရောင်ဗဟိုချက် အဆင့်တွင် ရှိသော်လည်း ကြယ်စင်ရတနာ စေတီအတွင်းတွင် သူ၏ ကျင့်ကြံမှုမှာ ချူးယန်ကဲ့သို့ပင် အခြေခံအုတ်မြစ် အဆင့်တွင် ဖိနှိပ်ခြင်းကို ခံထားရ၏။ အမှန်အတိုင်းပြောရလျှင် သူ၏ ကျင့်ကြံမှုသည် ဤအုပ်စုမှ လူအားလုံးအနက် အမြင့်ဆုံးဖြစ်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...