အပိုင်း ၁၁၀၀ : သေမင်းဧကရာဇ်နှင့် တိုက်ခိုက်ခြင်း

235 27 0
                                    

စာစဥ် ၅၇ : အပိုင်း ၁၀

အပိုင်း ၁၁၀၀ : သေမင်းဧကရာဇ်နှင့် တိုက်ခိုက်ခြင်း

လင်းဖုန်းသည် ဓာတ်နှစ်ပါး မူလပြန်လာခြင်း ထူးခြားဆန်းကြယ်သော ကမ္ဘာမှော်ကျိန်စာကို သူ၏ လက်ဝါးအတွင်းတွင် ဆင့်ခေါ်လိုက်ကာ ရှဧကရာဇ်၏ မိုးပြာရောင်ပင်လယ် ရွှမ်းမင် မှော်ကျိန်စာဖြင့် ဖန်ဆင်းထားသော အစိမ်းရင့်ရောင် ရေခဲပုံဆောင်ခဲအား ဖိချလိုက်၏။

အစွမ်းထက်၍ ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ခုသည် ကမ္ဘာဦး အစကတည်းက ရှိနေသည်ဟု ထင်နေရသည်ဟု ထင်နေရသည့် ရေခဲပြင်ကြီးအား ချက်ချင်းပင် ဖြိုခွဲလိုက်သည်။

ရှဧကရာဇ်သည် သူ၏ မျက်မှောင်များကို ကြုတ်လိုက်၍ အနောက်သို့ ခြေတစ်လှမ်းဆုတ်ရန် ပြင်လိုက်သော်လည်း ဤအချိန်တွင်ပင် သေမင်းဧကရာဇ်၏ မျက်လုံးများသည် အနက်ရောင် အလင်းတန်း တစ်ခုဖြင့် လင်းလက်လာရာ ရှဧကရာဇ်၏ ခန္ဓာကိုယ်သည် ရုတ်တရက်ပင် အေးခဲသွားခဲ့သည်။

သက်ပြင်းများ ချနေရင်းနှင့် ရှဧကရာဇ်သည် ရှောင်ရှားရန် မကြိုးစားတော့ပဲ လင်းဖုန်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ဒဏ်ရာရမည်ကို အမှုမထားနိုင်တော့ပဲ နှစ်ဘက်စလုံး အန္တရာယ် ကျရောက်နိုင်သော တိုက်ခိုက်မှုကိုသာ လုပ်ဆောင်လိုက်သည်။

သို့သော်လည်း လင်းဖုန်း၏ အာရုံသည် ရှဧကရာဇ် အပေါ်၌ မရှိနေပဲ သေမင်းဧကရာဇ်ကိုသာ ကြည့်နေခဲ့သည်။ သေမင်းဧကရာဇ်၏ ဟင်းလင်းပြင် အတွင်းသို့ ရောက်နေသော လက်တစ်ဘက်ကသာ အနီရောင် အလင်းတန်းများဖြင့် လင်းလက်နေ၍ သူ၏ ခန္ဓာကိုယ်မှ ကျန်သော အစိတ်အပိုင်းများသည် အနက်ရောင် အလင်းတန်းများဖြင့် လင်းလက်နေသည်ကို တွေ့လိုက်ရ၏။

ထိုအနက်ရောင် အလင်းတန်းများသည် အဆုံးစွန်အထိ တောက်ပသွားကြပြီး အဖြူရောင် အလင်းတန်း တစ်ခုက ဖြည်းဖြည်းချင်း ပေါ်လာကာ သူ၏ တစ်ကိုယ်လုံးသည် လင်းလက်နေသော မီးခိုးရောင် မြူခိုးငွေ့များဖြင့် ဖုံးလွှမ်းသွားသည်။

ထိုမီးခိုးရောင် မြူခိုးငွေ့သည် ကောင်းကင်ကပ်ဆိုးများကို မခေါ်ဆောင်လာပဲ ဘေးပတ်ဝန်းကျင်မှ ကစဥ့်ကလျား အနီရောင် ဟင်းလင်းပြင်နှင့် ကောင်းမွန်စွာ ပူးပေါင်းနိုင်ခဲ့၏။ အနီရောင် ဟင်းလင်းပြင်သည် ထိုမီးခိုးရောင် မြူခိုးငွေ့အား အားဖြည့်ပေးနေကာ ပို၍ ထူထဲလာစေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now