အပိုင်း ၆၇၇ : ဒုတိယအဆင့်

398 35 1
                                    

စာစဥ် ၃၆ : အပိုင်း ၇

အပိုင်း ၆၇၇ : ဒုတိယအဆင့်

မဟာကောင်းကင် ခန်းမဆောင် အတွင်းတွင် မိုးကြိုးတိမ်တိုက် သူတော်စင်သည် လေလေအား ငြိမ်းချမ်းစွာဖြင့် ပြောလိုက်သည်။ "ရဲဘော်လေ၊ ကျုပ်ရဲ့ အရင်က အကြံပြုချက်က အကြုံးဝင်သေးတယ်။ ခင်ဗျားက ဘယ်လိုသဘောရသလဲ"

မိုးကြိုးတိမ်တိုက်သူတော်စင်နှင့် လေလေတို့အား ကြည့်လိုက်ကာ ကျန်သော အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲများ၏ အမူအရာများက ပြောင်းသွားခဲ့သည်။

မိုးကြိုးတိမ်တိုက် သူတော်စင်၏ ခရမ်းရောင် တိမ်တိုက်ဂိုဏ်းသည် လွန်စွာ အစွမ်းထက်သည့် မိုးကြိုးသခင်ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးအတွင်းတွင် အစွမ်းအထက်ဆုံး မိုးကြိုးမှော်ကျိန်စာဖြစ်သည့် ကောင်းကင်ကိုးလွှာ နတ်ဘုရားမိုးကြိုး၏ မဟာလမ်းစဥ်ကို အမွေရထားခဲ့၏။ သူတို့သည် မိုးကြိုးအနွယ်ဝင် မှော်ကျိန်စာများကို လေ့ကျင့်သော ဂိုဏ်းအများအတွင်းတွင် အသန်မာဆုံးဂိုဏ်းဟူ၍ သတ်မှတ်ခြင်းကို ခံထားရသည်။

လေမိသားစုသည်လည်း မိုးကြိုးအနွယ်ဝင် မှော်ကျိန်စာများကို လေ့ကျင့်သော အခြား မဟာအင်အားစု တစ်ခုဖြစ်သည်။ သို့သော်လည်း သူတို့လေ့ကျင့်ကြသည့် မိုးကြိုးအနွယ်ဝင် မှော်ကျိန်စာများသည် ခရမ်းရောင် တိမ်တိုက်ဂိုဏ်းလောက်တော့ အဆင့်မမြင့်ပေ။

အကယ်၍ လေကျဲသည် ခရမ်းရောင် တိမ်တိုက်ဂိုဏ်းအတွင်းသို့ ဝင်လိုက်ပါက သူ့အတွက် ပိုမိုကောင်းမွန်သော အနာဂတ် ရှိမည်ဖြစ်သည်။

လေလေက ပြောလိုက်၏။ "ခင်ဗျားရဲ့ ကြင်နာတဲ့ ကမ်းလှမ်းချက်ကို ကျွန်တော်တို့ တစ်မိသားစုလုံးက အသိအမှတ်ပြုပြီး အမြဲတမ်း ကျေးဇူးတင်နေမှာပါ" သူ၏ စကားလုံးများသည် မိုးကြိုးတိမ်တိုက် သူတော်စင်၏ ကမ်းလှမ်းချက်ကို ပယ်ချသော သဘောဖြစ်နေသည်။

"အိုး" မိုးကြိုးတိမ်တိုက် သူတော်စင်၏ အကြည့်သည် လက်ကနဲ ဖြစ်သွားခဲ့ကာ ဇူဟုန်ဝူဘက်သို့ တစ်ချက်ဝေ့ကြည်လိုက်၏။ "ဒီလိုကိုး၊ တိုင်ဧကရာဇ်ရဲ့ မှော်ကျိန်စာတွေကို သင်ယူဖို့ အခွင့်အရေးရတာလဲ မဆိုးပါဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDonde viven las historias. Descúbrelo ahora