စာစဥ် ၄၁ : အပိုင်း ၁၁
အပိုင်း ၇၈၁ : လုံးဝ အံ့ဩတုန်လှုပ်သွားခဲ့သော ရွှေပုစဥ်း ဆရာတော်
လင်းဖုန်း၏ မူလရှေးဟောင်း ကောင်းကင်စီးနင်းသူသည် မဟာခန်းမဆောင် အတွင်းမှ ပျံသန်းထွက်ခွာလာခဲ့ကာ ရွှေပုစဥ်း ဆရာတော်၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။ ရုတ်တရက်ပင် သူက ရယ်မောလိုက်ကာ ပြောလိုက်သည်။ "ဒါက ကျုပ်တို့ ဒုတိယအကြိမ် တွေ့ဆုံတာဖြစ်တယ်။ ဟုတ်တယ်မလား"
ရွှေပုစဥ်း ဆရာတော်ကလည်း ပြန်ပြုံးပြလိုက်ကာ ပြောလိုက်သည်။ "ကျုပ်တို့ နောက်ဆုံးတွေ့ခဲ့စဥ်က ကျုပ်ရဲ့ ဗီရိုကာနာ ကိုယ်ပွားနဲ့ ခင်ဗျားရဲ့ မူလခန္ဓာကိုယ်နဲ့ ဖြစ်တယ်။ ဒီကနေ့မှာတော့ ကျုပ်ရဲ့ မူလခန္ဓာကိုယ်နဲ့ ခင်ဗျားရဲ့ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်နဲ့ ဖြစ်တယ်။ ကျုပ်တို့ရဲ့ ကံကြမ္မာတွေက တကယ်ကိုပဲ ရောထွေးယှက်တင် ဖြစ်နေခဲ့တယ်။ တစ်နေ့မှာ ကျုပ်တို့က ကောင်းမွန်စွာ တွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
လင်းဖုန်းသည် သဘောတူလှစွာနှင့် ခေါင်းညိတ်လိုက်သည်။ "တကယ်လို့ ကျုပ်ခန့်မှန်းချက်တွေက မမှားခဲ့ရင် ဗီရိုကာနာ မန္တန်အပြင် ခင်ဗျားက တထာဂတ ဓမ္မကျမ်းစာ အထဲက ကျန်တဲ့ မန္တန်တွေကို စုဆောင်းထားပြီး ဖြစ်တယ်။ ခင်ဗျားမှာ ကျမ်းစာတစ်ခုစီက ကိုယ်ပွား တစ်ခုစီကို ပိုင်ဆိုင်ထားတယ်၊ ဟုတ်တယ်မလား"
"ဒါက ဗုဒ္ဓအဆုံးအမတွေကို နားလည်နိုင်ဖို့ ကျုပ်ရဲ့ လှည့်ကွက်တစ်ခု သာသာပါပဲ" ရွှေပုစဥ်း ဆရာတော်က သူ၏ခေါင်းကို ခါလိုက်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
လင်းဖုန်းက ရယ်ရမ်းသွေးလိုက်ကာ ပြောလိုက်သည်။ "အဓိပ္ပာယ် မရှိတာ။ ဗုဒ္ဓနည်းစနစ်တွေကို ကျွမ်းကျင်တဲ့ မိစ္ဆာတစ်ကောင်။ ခင်ဗျားက သမိုင်းတလျှောက် ဘယ်သူကမှ မစဥ်းစားခဲ့ဖူးတဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိပြီး စွမ်းဆောင်နိုင်ခဲ့တာ"
ရွှေပုစဥ်း ဆရာတော်သည် မျက်တောင်ပင် မခတ်ခဲ့ပဲ ထပ်ပြုံးလိုက်သည်။ "ဗုဒ္ဓရဲ့ ဂရုဏာတော်ကို မခံယူခဲ့ရစဥ်က ကျုပ်ဟာ ဆောင်းဦးရာသီ ကျရောက်လာချိန်မှာ အော်မြည်ရုံသာ သိခဲ့တဲ့ ပုစဥ်းလေး တစ်ကောင်သာ ဖြစ်ခဲ့တယ်။ ဗုဒ္ဓရဲ့ အဆုံးအမတွေကြောင့် ကျုပ်ဒီကနေ့မှာ ရှိနေတဲ့ အရာမှန်သမျှကို ပိုင်ဆိုင်ထားနိုင်ခဲ့တာ။ ကျုပ်က မိစ္ဆာစွမ်းအားတွေကို ပထမဆုံး လေ့ကျင့်တဲ့ အချိန်ကစပြီး မိစ္ဆာအုပ်ချုပ်သူအဆင့်၊ မသေဝိဉာဏ် အဆင့်နဲ့ အခုအချိန်အထိပဲ"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...