စာစဥ် ၅၀ : အပိုင်း ၁၁
အပိုင်း ၉၆၁ : အတိတ်မှ တီးတိုးလေသံများ
သူတို့၏ အရှေ့မှ သစ်ပင်ပင်လယ် အတွင်းတွင် တစ်ယောက်သည် ပါရာဆို သစ်ပင်အချို့သည် ကျန်သော သစ်ပင်များထက် များစွာပိုကြီးသည်ကို တွေ့နိုင်သည်။
အကြီးမားဆုံးသော နတ်ဘုရား ပါရာဆို သစ်ပင်အချို့သည် အတူတကွ မစုစည်းနေကြပဲ သီးခြားနေကြသည်။ သူတို့သည် သစ်ပင်ပင်လယ်၏ အလယ်တွင် ရပ်တည်နေကာ တစ်ပင်နှင့် တစ်ပင် သီးသန့် ဖြစ်နေကြသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူတို့သည် ရှေးကျကာ ဆန်းကြယ်သည့် ဝင်္ကပါတစ်ခု ပုံစံကို ဖန်ဆင်းထားသည့်ပုံ ပေါက်နေသည်။
လီယွမ်ဖန်းသည် သူ၏အရှေ့မှ မြင်ကွင်းအား ကြည့်လိုက်ကာ သူ၏ မျက်လုံးများက အရောင်တောက်လာသည်။ ရူးသွပ်စွာ အာရုံစိုက်မှုများဖြင့် စိုက်ကြည့်နေ၏။
ပါရာဆို သစ်ပင်တောအုပ်၏ အလယ်တွင် ကျန်သော ဧရာမ သစ်ပင်များထက်ပင် ပို၍ သိသိသာသာ ကြီးမားနေသည့် ဧရာမ သစ်ပင်တစ်ပင် ရှိနေသည်။ ထိုနတ်ဘုရား ပါရာဆို သစ်ပင်သည် ကောင်းကင်နှင့် မြေကြီးတို့ အကြားတွင် ရပ်တည်နေကာ အနည်းဆုံး မီတာတစ်သောင်း မြင့်မားသည်။ ထိုသစ်ပင်၏ လုံးပတ်သည် တောအုပ်တစ်ခုလုံး၏ အစိတ်အပိုင်း တစ်နေရာအား ယူထားသည်။
လင်းဖုန်းသည် ထို နတ်ဘုရား ပါရာဆို သစ်ပင်အား စိုက်ကြည့်နေကာ သူ၏ခေါင်းအား ညိတ်လိုက်သည်။ မေးနေစရာ မလိုပဲ ဒါသည် ပါရာဆို သစ်ပင်ဘုရင် ဖြစ်မှန်းကို သူသိနေသည်။
ပါရာဆို သစ်ပင်ဘုရင်သည် သူ၏ အစစ်အမှန် ပုံစံအား မဖော်ပြရသေးပေ။ အကယ်၍ ဖော်ပြခဲ့ပါက သူ၏ အရွယ်အစားသည် ပို၍ပင် ကြီးမားမည် ဖြစ်သည်။
ဝမ်လင်း၊ ရှီထျန်းဟောင်၊ ကျူးကော်ကျန်းတို့ အားလုံးသည် ဧရာမ နတ်ဘုရား ပါရာဆို သစ်ပင်အား ကြည့်လိုက်ကြသည်။
ခဏအကြာတွင် ဝမ်လင်းသည် သူ၏ခေါင်းကို လှည့်လိုက်သည်။ သူ၏ မျက်နှာအပေါ်တွင် ထူးခြားသော အကြည့်တစ်ခု ပေါ်လာကာ ပြောသည်။ "ဒီပါရာဆို သစ်ပင်ဘုရင်က ကာဒီနယ် ကပ်ဘေးတွေကို မကျော်လွှားရသေးဘူးလို့ ခံစားနေရတယ်... ဟုတ်တယ်မလား... ဒါပေမဲ့ သူက ရှန်းလျှို မဟာပဏ္ဍိတ ထက်တောင်မှ ကျွန်တော့်အပေါ်မှာ ဖိအားတွေကို ပိုပေးနိုင်နေတယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...