စာစဥ် ၅၂ : အပိုင်း ၁၁
အပိုင်း ၁၀၀၁ : ကူညီမှု ရှိခြင်းနှင့် မရှိခြင်းတို့၏ ကွာခြားချက်
လင်းဖုန်းသည် လင်းလက်လာသော ကြယ်စင်ကောင်းကင်အား ကြည့်ကာ သူ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးသွားသည်။ "ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတ… ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ… ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတ… သူတို့က မူလနဂါး ဘုရင်ကို မဟူရာ ပင်လယ်အတွင်းကနေ မျှားခေါ်ဖို့ ငါတို့နဲ့ ဟင်းလင်းပြင် ဘုရားကျောင်းကို ကူညီချင်နေတာလား"
ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတနှင့် ကျန်သောသူများသည် ဟင်းလင်းပြင် ဘုရားကျောင်းက အဘယ်ကြောင့် ကြယ်စင်ပင်လယ် အတွင်းသို့ ဝင်လာနိုင်သည်ကို မသိနိုင်ကြပေ။ ကျန်းရီသူတော်စင်သာ ရောက်လာပြီး ဟင်းလင်းပြင် ဘုရားကျောင်းမှ ကျန်သော အစွမ်းထက် ကျင့်ကြံသူများက အဘယ်ကြောင့် ရောက်မလာမှန်းကိုလည်း မသိကြပေ။
သို့သော်လည်း အနည်းဆုံးတော့ ကျန်းရီသူတော်စင်နှင့် မဟာဟင်းလင်းပြင် မြင့်မြတ်သောစံအိမ်တို့က သူတို့၏ မျက်စိအောက်တွင် ရောက်နေသည်ကို မြင်နိုင်ခဲ့သည်။
လင်းဖုန်း၏ လက်အတွင်း၌လည်း ကြယ်စင်ပင်လယ် ဝင်ပေါက်တစ်ခု ရှိနေသည်။ အကယ်၍ မမြင်နိုင်သော အခြေအနေများ မဖြစ်ပေါ်ခဲ့ပါက လင်းဖုန်း၏ မူလ ခန္ဓာကိုယ်သည် ကြယ်စင်ပင်လယ် အတွင်းသို့ အချိန်မရွေး ဝင်လာနိုင်သည်။
လင်းဖုန်းနှင့် ဟင်းလင်းပြင် ဘုရားကျောင်းတို့သည် အချင်းချင်း ပဋိပက္ခများ ဖြစ်နေသည့်တိုင် အကယ်၍ မူလနဂါး ဘုရင်သည် ဒဏ်ရာများ မသက်သာသေးပဲ ကြယ်စင်ပင်လယ် အတွင်းသို့ ဝင်လာပါက သူတို့ အချင်းချင်း ပူးပေါင်းကာ ကြမ္မာပန်းတိုင် ဒုတိယ ကပ်ဘေးအား ကျော်ဖြတ်ပြီးသည့် မဟာမိစ္ဆာကို တိုက်ခိုက်ကြမည် ဖြစ်၏။
သို့ရာတွင် လင်းဖုန်းနှင့် ဟင်းလင်းပြင် ဘုရားကျောင်းတို့သည် မူလနဂါး ဘုရင်အား အနိုင်ယူနိုင်လျှင်ပင် သူတို့ကလည်း တန်ဖိုးကြီးမားစွာ ပေးဆပ်ရမည် ဖြစ်သည်။ ဒါသည် ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတနှင့် ကျန်သောသူများအတွက် အကျိုးအမြတ် ရှိသော ရလဒ်ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...