အပိုင်း ၇၇၆ မှ ၇၈၀

498 45 2
                                    

စာစဥ် ၄၁ : အပိုင်း ၆

အပိုင်း ၇၇၆ : တောင်အတွင်းမှ လျှို့ဝှက်ဂူ

ရှီရှင်းယွမ်၏ စိတ်ဝိညာဥ်သည် လူသားတစ်ယောက် မဟုတ်ပဲ သွက်လက်ထက်မြက်သော ရှေးပဝေသဏီ နတ်နဂါး၏ ပုံစံဖြစ်၏။ သူသည် အစစ်အမှန် ပုံသဏ္ဌာန်ကဲ့သို့ ကြည်လင်ပြတ်သားလှသည်။

ထိုနဂါးဝိညာဥ်သည် တခုန်း ဇန်မာစတာအား အလွန် ခက်ထန်စွာဖြင့် စိုက်ကြည့်လိုက်ရာ ဘုန်းကြီးသည် သူ၏ ကျောရိုးအတွင်းမှ စိမ့်ကနဲ ဖြစ်သွားခဲ့သည်။ "ဒီကောင်မလေးရဲ့ စိတ်ဝိညာဥ်က အခြေတည် ဝိညာဥ် အဆင့်က ကျင့်ကြံသူတစ်ယောက်နဲ့စာရင် အများကြီး စွမ်းအားကြီးမားတယ်။ သူမက သူမရဲ့ ကိုယ်ပိုင်စိတ်ဝိညာဥ် အတွင်းကို မသေဝိညာဥ် အဆင့်က နဂါးတစ်ကောင်ရဲ့ စိတ်ဝိညာဥ်ကို ပေါင်းစပ်ထားတယ် ဆိုတောင်မှပဲ ဒီအဆင့်ကို မရောက်နိုင်ဘူး။ နေပါဦး၊ သူမက ရှေးပဝေသဏီ နတ်နဂါး တစ်ကောင်ရဲ့ ပြန်လည်ဝင်စားတာများ ဖြစ်နေမလား"

ရှေးပဝေသဏီ နတ်နဂါး ဝိညာဥ်သည် သူ၏ပါးစပ်ကို ဟလိုက်ကာ စူးရှကျယ်လောင်စွာဖြင့် ဟိန်းဟောက်လိုက်သည်။

ထိုဟိန်းဟောက်သံသည် ဇူရီကိုပင် တုန်ခါသွားစေခဲ့၍ သူ၏ မှော်ရတနာများမှာလည်း ဖွဖွလေး ခါယမ်းသွားကြသည်။

ဒါသည် ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးတွင် သူမက စန်းလျှိုဟဲနှင့် တိုက်ခိုက်သော တိုက်ပွဲနှင့် များစွာ ခြားနားပေသည်။ သူမသည် ထိုအချိန်က သူမ၏ စိတ်ဝိညာဥ် စွမ်းအားများကို များစွာ ထိမ်ချန်ထားခဲ့သော်လည်း ယခုအချိန်တွင် အားလုံးတို့ကို ထုတ်လွှတ်လိုက်ပြီ ဖြစ်သည်။ သူမ၏ စွမ်းအားများကိုသာ မက သူမသည် ယခင်က ကမ္ဘာကြီးတွင် မပေါ်ဖူးခဲ့သည် လျှို့ဝှက်နည်းစနစ် တစ်ခုအား ထုတ်ဖော်လိုက်သည်။

နဂါးဧကရာဇ်၏ နတ်ဟိန်းဟောက်သံ!

နဂါးဝိညာဥ်ထံမှ တုန်ခါလာသော စွမ်းအားသည် တိမ်တိုက်များကို ဖရိုဖရဲ ဖြစ်စေခဲ့၍ ဘေးပတ်ပတ်လည်မှ လေဟာနယ် အချိန်ကာလများက တွန့်လိမ်သွားခဲ့ကြသည်။

သူမ စိတ်ဝိညာဥ်၏ စွမ်းအားသည် အရာဝတ္ထု ပစ္စည်းများ၏ အပေါ်တွင်ပင် အကျိုးသက်ရောက်မှု ရှိနေခဲ့သည်။ ထိုစွမ်းအားသည် အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများတွင်ပင် မြင်တွေ့ရခဲ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now