အပိုင်း ၉၁၅ : ဝေခွဲမရ ဖြစ်နေခဲ့သော မဟာချင် အင်ပါယာ

324 36 0
                                    

စာစဥ် ၄၈ : အပိုင်း ၅

အပိုင်း ၉၁၅ : ဝေခွဲမရ ဖြစ်နေခဲ့သော မဟာချင် အင်ပါယာ

လင်းဖုန်းသည် မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းတွင် လှိုင်းထအောင် လုပ်နေခဲ့ချိန်တွင် နတ်ဘုရား နယ်မြေ အတွင်း၌ များစွာပို၍ တည်ငြိမ်သွားခဲ့သည်။

လူသား ကျင့်ကြံမှု ကမ္ဘာတစ်ခုလုံး နီးပါးသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ဆန့်ကျင်သော စစ်ပွဲနှင့် စူတောင်တိုက်ပွဲတို့ အတွင်းတွင် ပါဝင်ခဲ့ကြသည်။ ထို့ကြောင့် ထိုတိုက်ပွဲများ ပြီးဆုံးသွားကြသော အခါ ပါဝင်ခဲ့ကြသူ အများစုတို့သည် ထိုအဖြစ်အပျက်များ၏ အကျိုးသက်ရောက်မှုနှင့် ပတ်လည်ရိုက်နေကြဆဲ ဖြစ်နေသောကြောင့် မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းမှ လင်းဖုန်း၏ လုပ်ဆောင်ချက်များကို အမှုမထားနိုင်ကြပေ။

မဟာချင် အင်ပါယာ၏ မြို့တော်ဖြစ်သော ရှီးလင်မြို့၏ နန်းတော်အတွင်းမှ အဓိက ခန်းမဆောင်တွင် လူအချို့သည် ငြိမ်သက်စွာနှင့် အချင်းချင်း မျက်နှာချင်းဆိုင်ကာ ထိုင်နေကြသည်။

မဟာချင် ဧကရာဇ် ရှီယုသည် ခန်းမဆောင် အတွင်းမှ နဂါးပလ္လင်အပေါ်တွင် ထိုင်နေ၏။ ခန်းမဆောင်၏ အလယ်တွင် ကန်းယန်မင်းသားနှင့် နန်းမင်မင်းသားတို့က မတ်တတ်ရပ်နေကြသည်။ သူတို့၏ အနောက်တွင် မဟာချင် အင်ပါယာ၏ တော်ဝင်မိသားစု တစ်ခုလုံးက ထိုင်နေကြသည်။

သို့သော်လည်း ရှီယု အပါအဝင် တစ်ယောက်ကမှ စကားမပြောခဲ့ကြပေ။ အားလုံးတို့သည် ငြိမ်သက်နေကြ၏။

ပုံမှန်ဆိုလျှင် သူတို့၏ ကျင့်ကြံမှု အဆင့်နှင့် အရေးပါသော အဆင့်အတန်းများ အရ အခြေအနေများကို ကောင်းမွန်မှန်ကန်စွာ လေ့လာသုံးသပ်၍ ဆုံးဖြတ်ချက်များကို ပြတ်သားစွာ ချမှတ်နိုင်စွမ်း ရှိကြသည်။ သို့သော်လည်း ယခုအချိန်တွင် ရှီယု အပါအဝင် မဟာချင် အင်ပါယာမှ အစွမ်းထက် ကျင့်ကြံသူတိုင်းသည် ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေကြသည်။

လင်းဖုန်းနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့မှအပ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ဆန့်ကျင်သည့် စစ်ပွဲတွင် အကျိုးအမြတ် အများဆုံး ရရှိခဲ့ကြသူများမှာ မဟာချင် အင်ပါယာပင် ဖြစ်သည်။ မဟာကျိုး အင်ပါယာနှင့် နယ်နိမိတ်တွင် ရင်ဆိုင်ပေးထားခဲ့သဖြင့် တော်ဝင်နန်းတော်နှင့် မဟာကောင်းကင်ဘီးတို့အား လင်းဖုန်း ပြန်မလာခင် အချိန်အထိ ဟန့်တားပေးထားနိုင်ခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now