အပိုင်း ၈၉၄ : မင်းကငါကို ဖော်ပြရင် ငါကလည်း မင်းကို ပြန်ဖော်ပြမယ်

382 35 0
                                    

စာစဥ် ၄၆ : အပိုင်း ၄

အပိုင်း ၈၉၄ : မင်းကငါကို ဖော်ပြရင် ငါကလည်း မင်းကို ပြန်ဖော်ပြမယ်

"ကျုပ်ကလည်း သိပါတယ်.. ခင်ဗျားရဲ့ လုံ့လတွေအတွက် ကျေးဇူးတင်ပါတယ်.. တလက်စထဲ ကျုပ်ကို ကူညီပြီးတော့ သတင်းတစ်ပုဒ်ကို ဖြန့်ပေးပါဦး"

လင်းဖုန်းသည် သူ့အား သတိပေးခဲ့သည် တောက်တီ မဟာပဏ္ဍိတအား ကျေးဇူးတင်လိုက်ကာ သူနှင့် ဆက်သွယ်မှုများကို ဖြတ်တောက်လိုက်သည်။ အရာအားလုံးကို စီစဥ်ပြီးသွားသော အခါ ရွှေခွက်ကို အာရုံခံနေရင်း ရွှေပုစဥ်း ဆရာတော်အား ဆက်လက်၍ ရှာဖွေနေခဲ့သည်။

သူသည် လင်းယွမ်တောင်တန်းများ၏ အနားသို့ ရောက်ရှိလာခဲ့သောအခါ သိပ်၍ အံ့အားသင့်မနေခဲ့ပေ။

လင်းယွမ်တောင်တန်းသည် မဟာလွင်တီးခေါင် ကုန်းမြေ၏ မြင့်မြတ်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ခြင်းကို ခံထားရသည်။ သူသည် မိစ္ဆာများ ကျင့်ကြံရန် အတွက် အမတန်မှ သင့်လျှော်ကာ ဤနေရာတွင် နေထိုင်ကြသူများမှာ ရှေးဟောင်းလူဝံ မိစ္ဆာများ ဖြစ်ကြသည်။

ရှေးဟောင်းလူဝံ မိစ္ဆာများသည် ရှေးပဝေသဏီ နတ်နဂါးများထက်သာ အောက်ကျသော အစွမ်းထက်သည့် မျိုးနွယ်စု ဖြစ်သည်။ နဂါးများကဲ့သို့ပင် လူဝံမိစ္ဆာများသည် မျိုးနွယ်စုခွဲများစွာတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့တွင် အစွန်းရောက် စိတ်ဝိညာဥ် နတ်မျောက်၊ နီရဲသော ဂေါ်ရီလာ လူဝံမိစ္ဆာ၊ ကောင်းကင် မိစ္ဆာလူဝံ အစရှိသဖြင့် မျိုးနွယ်စုကွဲများ ရှိကြသည်။

ရှေးဟောင်းခေတ် အစပိုင်းတွင် နဂါးတို့၏ ခေါင်းဆောင် ကြွယ်ဧကရာဇ် ရွှမ်ဆန်းသည် အခြား စွမ်းအားထက်သော နဂါးများနှင့်အတူ ကျဆုံးခဲ့ရပြီး နဂါးမျိုးနွယ်စုများသည် ရှေးက မကြုံဖူးသည့် အားနည်းမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုအခွင့်အရေးကို အသုံးချကာ ရှေးဟောင်းလူဝံ မိစ္ဆာများသည် နဂါးများ ကျရှုံးသွားသည့် အချိန်တွင် ခေါင်းထောင်လာနိုင်ကြကာ မိစ္ဆာကမ္ဘာကို အုပ်စိုးနိုင်သည့် မျိုးနွယ်စုများ ဖြစ်လာကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now