အပိုင်း ၁၀၆၂ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ လက်ထပ်ခွင့် တောင်းခံခြင်း

302 29 0
                                    

စာစဥ် ၅၅ : အပိုင်း ၁၂

အပိုင်း ၁၀၆၂ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ လက်ထပ်ခွင့် တောင်းခံခြင်း

လင်းဖုန်းသည် ရှောင်ယန်အား ကြည့်ကာ ရယ်လိုက်သည်။ "ကျန်းအာက နောက်ဆုံးမှာ ကျင့်ကြံမှု ပြီးဆုံးသွားပြီပေါ့"

ရှောင်ယန်သည် ထိုစကားကို ကြားရသောအခါ ရယ်ရမ်းသွေးလိုက်၏။ "ဟုတ်တယ်… ကျွန်တော်က ကောင်းကင်မာစတာ ဓားဂိုဏ်းက တုန်းထျန်းတောင်ကနေ ပြန်လာပြီး သိပ်မကြာခင်မှာပဲ…"

သူသည် လင်းဖုန်းအား မချိုမချဥ် ပုံစံဖြင့် ကြည့်လိုက်ရာ လင်းဖုန်းက သူ့အား ဆူလိုက်၏။ "ကောင်စုတ်လေး… မင်းက ငါ့ကို ဘယ်လိုမျိုး ကြည့်နေတာလဲ"

ရှောင်ယန်က ရယ်လိုက်ပြီး အနားကပ်လာကာ သူ့ဆရာအား ဖားလိုက်သည်။ "ဆရာ…"

လင်းဖုန်းကလည်း ရယ်လိုက်၏။ "ကောင်းပြီ… ကောင်းပြီ… ငါက မင်းတို့နှစ်ယောက်ကို ပေးထားတဲ့ ကတိကို ဘယ်တုံးက ဖျက်ဖူးလို့လဲ… ငါက မင်းကို လက်ထပ်ခွင့် တောင်းပေးမယ်လို့ ပြောထားတယ်ဆိုတော့ ငါက သေချာ လုပ်ပေးမှာပေါ့"

"ကျေးဇူးပါ… ဆရာ" ရှောင်ယန်က ပျော်ရွှင်မြူးတူးသွား၏။ ယခုအချိန်တွင် သူသည် ဝူကျိုးမြို့က အရွယ်မရောက်သေးသည့် ဆယ်ကျော်သက်ပုံစံ အတိုင်း ပြန်ဖြစ်သွားသည်။

လင်းဖုန်းက သူ့ကို ပြောလိုက်သည်။ "မင်းရဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ တပည့်အချို့ကို ရွေးပြီး ငါတို့နဲ့အတူ ခေါ်ခဲ့ပါ… ဒါက မျက်နှာရဖို့ အပြင် သူတို့အတွက် လေ့ကျင့်မှု ပုံစံတစ်မျိုးလည်း ဖြစ်တယ်"

ရှောင်ယန်သည် လေးနက်လာကာ သူ၏ လက်နှစ်ဘက်အား ဆုပ်လိုက်သည်။ "ဆရာ… စိတ်မပူပါနဲ့… ကျွန်တော် သဘောပေါက်ပါတယ်"

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ဆန့်ကျင်သော စစ်ပွဲအတွင်းတွင် ရှေးဟောင်း သက်ရှည်ကမ္ဘာတွင် ငရဲကမ္ဘာ ပင်လယ်မှ အက်ကွဲကြောင်းတစ်ခု ပေါ်လာ၏။ ဟင်းလင်းပြင် ဘုရားကျောင်းမှ ဖြစ်စေ၊ ရှေးဟောင်း သက်ရှည်ကမ္ဘာမှ ဖြစ်စေ၊ လင်းဖုန်းဖြစ်စေ၊ သူတို့က ဒါသည် သေမင်းဧကရာဇ်နှင့် သက်ဆိုင်နေရမည်ဟု ထင်နေကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now