အပိုင်း ၇၂၆ မှ ၇၃၀

523 38 2
                                    

စာစဥ် ၃၈ : အပိုင်း ၁၆

အပိုင်း ၇၂၆ : စနစ်၏ ပုံမှန်အသုံးပြုသည့် နည်းလမ်းဖြင့် သုံးသပ်၍ မရပေ

လျှိုယောင်၏ ခန္ဓာကိုယ် အတွင်းသို့ သူ၏ မှော်စွမ်းအင်များ ထည့်သွင်းလိုက်၍ ဆေးစွမ်းအားများ အနည်းငယ်ကို ထုတ်ယူပြီးသွားသောအခါ လင်းဖုန်းသည် သူ၏ အသိစိတ် သက်သက်ကို အားကိုး၍ မလုံလောက်တော့ကြောင်းကို တွေ့လိုက်သည်။

လျှိုယောင်၏ စိတ်ဝိညာဥ်နှင့် မှော်စွမ်းအင်တို့သည် လုံးဝ မျှခြေမညီနေခဲ့ပေ။

ကြည့်ရသည်မှာ သူ၏ သွေးကြောများ အတွင်းတွင် မရှိနေသင့်သော အရာတစ်ခုအား ထည့်သွင်းခဲ့ထားသကဲ့သို့ ဖြစ်နေခဲ့သည်။

ဤမညီမျှမှု သဲလွန်စသည် အလွန်ကို အားနည်းနေသဖြင့် လုံးဝ အမှုမထား၍လည်း ရနေခဲ့သည်။

အမှန်တရားမှာ လျှိုယောင်၏ စိတ်ဝိညာဥ်နှင့် မှော်စွမ်းအင်တို့အား အတူတကွ မည်မျှပင် ဟာကွက်မရှိအောင် ပေါင်းစည်းလိုက်လျှင်လည်း သူတို့သည် ဖြစ်တည်မှု တစ်ခုတည်းသာ ဖြစ်သွားမည် မဟုတ်ပေ။ ဒါသည် သာမန်လူများ၏ စိတ်ဝိညာဥ်နှင့် ရုပ်ခန္ဓာကိုယ်များနှင့် ကွာခြားနေခဲ့သည်။

ဤကဲ့သို့သော သေးငယ်သည့် ကွာခြားချက်မျိုးကို သာမန်လူများက သိရှိနိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် လျှိုယောင်၏ ရုပ်ခန္ဓာကိုယ် အသွင်အပြင်မှနေ၍ မည်သည့် ပြဿနာမျိုးကိုမှ မတွေ့ရှိနိုင်သောကြောင့် ဖြစ်သည်။ အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများသည် အသေအချာ မစူးစမ်းကြည့်ပါက သတိပြုနိုင်မည် မဟုတ်ပေ။

ပြဿနာမှာ ဤကဲ့သို့ သူ့ထက် သာမန်ကျသောသူ မရှိနိုင်တော့သည် သာမန် လူငယ်လေး တစ်ယောက်အား မည်သည့် အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်ကမှ အားအားယားယား စောင့်ကြည့်နေမည် မဟုတ်ခြင်း ဖြစ်သည်။

အကယ်၍ အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်က သူ့အား တပည့်အဖြစ် လက်ခံရန် ကြံရွယ်ခဲ့လျှင်ပင် သူသည် လျှိုယောင်၏ အရိုးအရင်းမြစ်နှင့် ပင်ကိုစွမ်းရည်များကိုသာ သူ၏ အသိစိတ်နှင့် ဆန်းစစ်ခဲ့မည် ဖြစ်၍ ဤကဲ့သို့ သေးငယ်သည့် မူမမှန်မှုများကို သတိပြုမိမည် မဟုတ်ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now