အပိုင်း ၆၆၃ : အခက်အခဲများစွာ အကြားမှ ကလေးသည် ကြီးပြင်းလာခဲ့ပြီ

495 48 2
                                    

စာစဥ် ၃၅ : အပိုင်း ၁၃

အပိုင်း ၆၆၃ : အခက်အခဲများစွာ အကြားမှ ကလေးသည် ကြီးပြင်းလာခဲ့ပြီ

လီယွမ်ဖန်းသည် လော်ချင်းဝူ၏ ဘေးတွင် ရှိနေခဲ့သော်လည်း သူတို့နှစ်ယောက်တို့၏ အကြားတွင် တမင်သက်သက် ချန်ထားသော ကွက်လပ်တစ်ခုရှိ၏။ ထိုကွက်လပ်၏ အနောက်တွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဆက်ခံသူ တပည့်တစ်အုပ် ရှိနေကြသည်။

သူတို့အားလုံးတို့သည် စွမ်းအားကြီးမားကြကာ ထူးချွန်ပြောင်မြောက်သော ကျင့်ကြံမှု အခြေခံများကို ဖော်ပြနေကြသည်။ သူတို့သည် ထိုက်ကျိရုပ်ပုံကို ရေးထိုးထားသော ခရမ်းရောင် တူညီဝတ်စုံကို ဝတ်ဆင်ထားကြ၏။ သူတို့၏ အင်္ကျီလက်စအပေါ်မှ အမှတ်အသားသည် ရိုးစင်းပေသည်။ ဒါသည် အလယ်တွင် ကွက်လပ်ဖြစ်နေသော အနက်ရောင် စက်ဝိုင်းတစ်ခု ဖြစ်၏။

ဤအမှတ်အသားသည် ထိုတပည့်များက မြေရိုင်းလျှိုမြောင် အတွင်းမှ ရှီထျန်းဟောင်၏ တပည့်များ ဖြစ်သည်ကို ဖော်ပြနေခြင်း ဖြစ်သည်။

သူတို့၏ ကျင့်ကြံမှုများသည် သာမန်မဟုတ်ကြပေ။ အထူးသဖြင့် ထိုလူစုကို ဦးဆောင်နေသော မိန်းကလေးတစ်ယောက် ဖြစ်၏။ သူမသည် ချောမောလှပကာ နူးညံ့သိမ်မွေ့သည်ဟု ထင်နေရသည်။ အားလုံးတို့သည် သူမအား သူတို့၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသည်။ သို့သော်လည်း ထိုမိန်းကလေးမှာ အနည်းငယ် သတိထားနေသည့်ပုံ ပေါက်နေ၏။

သူမသည် ရှီထျန်းဟောင်၏ ဆက်ခံသူ တပည့်တစ်ယောက် ဖြစ်သော ကျူးကော်ဝမ်ချိုး ဖြစ်သည်။

မြေရိုင်းလျှိုမြောင်တွင်လည်း တပည့်များ မနည်းလှချေ။ ရှီထျန်းဟောင်သည် ရှီးလင်မြို့ တိုက်ပွဲအပြီးတွင် နာမည်ကျော်ကြားလာပြီးနောက် သူ၏ ကြီးရင့်လာသော အသက်နှင့်အတူ ပို၍ပို၍များသော တပည့်များသည် သူ့အား ဆရာအဖြစ် ရွေးချယ်ခဲ့ကြသည်။ ယခုအချိန်တွင် မြေရိုင်းလျှိုမြောင် အတွင်းမှ တပည့်အရေအတွက်သည် ဆီးနှင်းမုန်တိုင်း ချိုင့်ဝှမ်းထက် အောက်မကျချေ။ သူတို့အတွင်းတွင် ပါရမီရှင်ပေါင်း မြောက်မြားစွာ ရှိသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now