စာစဥ် ၅၇ : အပိုင်း ၅
အပိုင်း ၁၀၉၅ : ရှေးဟောင်းခေတ်မှ ဟင်းလင်းပြင် ဘုရားကျောင်း၏ ပဋိပက္ခ
ချင်းရီ သူတော်စင်မယ်သည် သေမင်းဧကရာဇ် ပြောခဲ့သည့် စကားကို ပြန်လည်၍ မချေပနိုင်ခဲ့ပေ။
သေမင်းဧကရာဇ်သည် သူ၏စကား ဆုံးသွားသောအခါ ဘာမှထပ်၍ မပြောတော့ပေ။သူသည် လင်းဖုန်းဘက်သို့ လှည့်လိုက်ကာ လင်းဖုန်း၏ ပတ်ပတ်လည်ကို ကြည့်လိုက်၍ ရှောင်ယန်တို့အား အကဲခတ်လိုက်သည်။ သူ၏ မျက်မှောင်များသည် အတန်ငယ် ကြုတ်သွားခဲ့၍ ပြောလိုက်သည်။ "လင်းဖုန်း… ခင်ဗျားက အတိတ်က ဝမ်ချီယန် ပုန်းအောင်းနေခဲ့တဲ့ ကမ္ဘာငယ်ကို တွေ့ခဲ့တာလား"
လင်းဖုန်းက ပြုံးလိုက်ကာ သေမင်းဧကရာဇ်အား အကဲခတ်လိုက်သည်။ "ဒါက ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူး… ဒါပေမဲ့ ခင်ဗျား ရုတ်တရက် ပေါ်လာတာက ကျုပ်ကို အံ့အားသင့်စေခဲ့တယ်"
သေမင်းဧကရာဇ်က ပြောလိုက်သည်။ "ဒီနေရာထက် ပိုပြီးမှ သင့်တော်တဲ့နေရာ မရှိဘူး… အန္တိမ ကောင်းကင်ကြေးမုံပဲ ဖြစ်ဖြစ်… ခင်ဗျားရဲ့ ဓားပဲ ဖြစ်ဖြစ်… သူတို့က ဒီနေရာကို မလာနိုင်ခင် ကပ်ဘေးနဲ့ ငရဲကမ္ဘာ ပင်လယ် တစ်ခုလုံးနဲ့ အရင် ရင်ဆိုင်ရလိမ့်မယ်… ခင်ဗျားရဲ့ တပည့် ရှောင်ယန်ပဲ ဖြစ်ဖြစ်… ဝူမန့်ချီပဲ ဖြစ်ဖြစ် သူတို့က ဒီအရာကို မရင်ဆိုင်နိုင်ကြဘူး"
"ကပ်ဘေးက သူ့ဘာသာသူကို ထက်မြက်တဲ့ လက်နက်တစ်ခု ဖြစ်နေပြီ… ပိုပြီးသန်မာတဲ့ အန္တိမ ကောင်းကင်ကြေးမုံနဲ့ ကောင်းကင်ဖျက်ဆီး ဓားနဲ့ ရင်ဆိုင်ရာမှာတောင် သူက အညံ့ခံမှာ မဟုတ်ဘူး… သူက ပိုပြီးမှ ခက်နက်စွာနဲ့ တုံ့ပြန်လိမ့်မယ်… ခင်ဗျားကို သတိပေးရရင် ကပ်ဘေးက သူတို့ကို ခုခံနိုင်တယ်"
သေမင်းဧကရာဇ်က ပြုံးလိုက်သည်။ "တကယ်လို့ ခင်ဗျားတို့က အန္တိမ ကောင်းကင်ကြေးမုံနဲ့ ကောင်းကင်ဖျက်ဆီး ဓားတို့ကို ဒီနေရာကို ခေါ်လာရင် ခင်ဗျားတို့က ကပ်ဘေးကို ကျုပ်ဆီကို တွန်းပို့ပေးလိုက်တာနဲ့ အတူတူပဲ… ကျုပ်ကလည်း ပျော်ပျော်ကြီး ကြည့်နေလိုက်မယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...