စာစဥ် ၄၈ : အပိုင်း ၁၉
အပိုင်း ၉၂၉ : မောင်ငယ်များ အားလုံး၏ နှလုံးသား အတွင်းတွင် သူတို့၏ အစ်မများကို ကြံစည်နေသော နှာဗူးများကို ကာကွယ်လိုစိတ် ရှိကြသည်
တန်ယွင်ချင်းနှင့် ဟန်ရန်တို့၏ အကြားမှ အငြင်းပွားမှုသည် ခေတ္တမျှသာ ကြာခဲ့သည်။
အခြားတစ်ဘက်တွင် ကျူးကော်ဝမ်ချိုးက မျက်မှောင်ကြုတ်လိုက်ကာ ဟွမ်ကျန်းထင်အား ကြည့်လိုက်၏။ သူမ၏ မျက်နှာပေါ်တွင် ကူရာမဲ့နေသော အမူအရာတစ်ခု ပေါ်လာခဲ့၍ ပြောလိုက်သည်။ "ကျန်းထင်"
ဟွမ်ကျန်းထင်၏ နှုတ်ခမ်းများက တွန့်သွားခဲ့ကာ ပြန်ဖြေလိုက်သည်။ "ကျွန်တော်က ဂျူနီယာတန်ရဲ့ နည်းလမ်းတွေက နှေးကွေးပြီး ပျင်းစရာကောင်းတယ်လို့ ထင်နေတယ်… ဂျူနီယာဟန်ရဲ့ နည်းလမ်းတွေက ပိုကောင်းတယ်"
ကျူးကော်ဝမ်ချိုးသည် သူမ၏ နဖူးကို ကူရာမဲ့စွာနှင့် ရိုက်လိုက်၏။ ဟန်ရန်က စတင်လှုပ်ရှားလိုက်သည့် အချိန်တွင် ဟွမ်ကျန်းထင်ကလည်း ဤကဲ့သို့ လိုက်လုပ်မည်ဟု သံသယ ရှိနေပြီး ဖြစ်သည်။ ဘာပဲပြောပြော သူမသည် ဟွမ်ကျန်းထင် ကြီးပြင်းလာသည်ကို စောင့်ကြည့်လာခဲ့သူ ဖြစ်သည်။ သူမသည် သူ့အကြောင်းအား သူတို့၏ ဆရာဖြစ်သူ ရှီထျန်းဟောင်ထက်ပင် ပို၍နားလည်သည်။
ဟွမ်ကျန်းထင်၏ တိုက်ရိုက်တဲ့တိုး ပင်ကိုစရိုက်ကို ကြည့်၍ သူက မည်ကဲ့သို့သော သူဖြစ်သည်ကို အားလုံးကလည်း သိထားကြသည်။
ဟန်ရန်နှင့် တန်ယွင်ချင်းတို့၏ နည်းဗျူဟာတို့၏ အကြားတွင် ဟွမ်ကျန်းထင်က မည်သူကိုပို၍ နှစ်သက်မည်ကို အားလုံးတို့က ခန့်မှန်းနိုင်ကြသည်။
ဟွမ်ကျန်းထင်သည် ကလေးလေးတစ်ယောက် မဟုတ်တော့သော်လည်း သူ၏ ပင်ကိုစရိုက်ကမူ မပြောင်းလဲခဲ့ပေ။ သူမသည် ထိုအရာကို သိနေခဲ့သဖြင့် ဟွမ်ကျန်းထင်နှင့် ဟန်ရန်တို့အား ကူညီရန် မိုးကြိုးပျံ ကျောက်စိမ်းပေတံအား ချက်ချင်း အသုံးပြုခဲ့လိုက်ခြင်း ဖြစ်သည်။
ကျူးကော်ဝမ်ချိုး၏ ကူရာမဲ့နေသော အမူအရာအား ကြည့်လိုက်ကာ ဟွမ်ကျန်းထင်က တစ်ခစ်ခစ်နှင့် ရယ်လိုက်သည်။ "ကောင်းပါပြီ… စီနီယာ… ကျွန်တော်က အနာဂတ်မှာ ပိုပြီးမှ သတိထားပါ့မယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...