အပိုင်း ၉၅၁ မှ ၉၅၅

418 33 0
                                    

စာစဥ် ၅၀ : အပိုင်း ၁

အပိုင်း ၉၅၁ : အင်မော်တယ် ဝိညာဥ် အဆင့်သို့ တက်လှမ်းနိုင်သော အခါ ရခဲ့သော ဆုလာဘ်

ရွှေပုစဥ်း ဆရာတော်သည် ဘာမှ ရွေးချယ်ခွင့် မရှိပဲ မြေနဂါးဘုရင်က လင်းဖုန်းအား တစ်ယောက်ချင်း စိန်ခေါ်နေသည်ကို ကြည့်ရုံသာ ကြည့်နိုင်ခဲ့သည်။

ယုကျင်းတောင်သည် နတ်ဘုရား နယ်မြေ အတွင်းမှ ဟင်းလင်းပြင် အတွင်း၌သာ နေခဲ့၍ လင်းဖုန်းနှင့်အတူ မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းသို့ မပါလာခဲ့ပေ။ လင်းဖုန်းကလည်း ကောင်းကင်ဖျက်ဆီး ဓား၏ ချိပ်အား အလွန်အမင်း မလိုအပ်ခဲ့လျှင် ဖြည်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဒါသည် လင်းဖုန်း၏ အစီအစဥ်များသာ ဖြစ်ကြ၍ ရွှေပုစဥ်း ဆရာတော်၊ ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတ၊ ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတနှင့် ကျန်သော မိစ္ဆာများက မသိနိုင်ကြပေ။

ထိုမိစ္ဆာများ အနေဖြင့် သူတို့သည် လင်းဖုန်းအား ဝိုင်းရံ၍ တိုက်ခိုက်မည်ဆိုလျှင် ကောင်းကင်ဖျက်ဆီး ဓားအား ထည့်သွင်း၍ စဥ်းစားရမည် ဖြစ်သည်။

ထို့ကြောင့် လင်းဖုန်း၏ လက်ရှိ ဖော်ပြထားသော စွမ်းအင်များဖြင့်သာ ဆိုလျှင် သူ့အား တစ်ယောက်ချင်း အလှည့်ကျ တိုက်ခိုက်ခြင်းနှင့် အားလုံးဝိုင်း၍ တိုက်ခိုက်ခြင်းသည် အလွန်အမင်း ခြားနားသည်။

သို့သော်လည်း မိစ္ဆာများအား အံ့အားသင့်စေသည့် အချက်မှာ လင်းဖုန်းသည် မြေနဂါးဘုရင်ထက်ပင် ပို၍ မောက်မာကာ ထင်ရာစိုင်းခဲ့ခြင်း ဖြစ်သည်။

မြေနဂါးဘုရင်သည် သူ့အား တစ်ယောက်ချင်းသာ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း လင်းဖုန်းကမူ သူ့အား အလေးမထားခဲ့ပဲ သူနှင့် တိုက်ခိုက်နေဆဲမှာပင် မိုးကြိုးနဂါး ကိုယ်ပွားနှင့် ဆာရို မှော်သစ်ပင်တို့အား ထုတ်လွှတ်ကာ လုယွမ် မဟာပဏ္ဍိတနှင့် ချန်ကောင်းကင် မှော်ကျိန်စာ ဓားသွားတို့အား တားဆီးရန် အချိန်ရှိနေသေးသည်။

"မင်းက ငါ့တပည့်တွေကို တိုက်ခိုက်ခဲ့ပြီး အခုအချိန်မှာ ထွက်သွားချင်နေတာလား… ဒီလောက်လွယ်မယ်များ ထင်နေတာလား" လင်းဖုန်းက တည်ငြိမ်စွာနှင့် ပြောလိုက်၏။ "ငါကမင်းနဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး… ဒီမှာပဲ လိမ်လိမ်မာမာနဲ့ ထိုင်နေ… ကိစ္စပြီးသွားရင် ငါ့တပည့်တွေက မင်းနဲ့ ဖြေရှင်းလိမ့်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now