အပိုင်း ၁၀၈၇ : လက်ဆောင်လာပေးခြင်း

253 28 0
                                    

စာစဥ် ၅၆ : အပိုင်း ၁၇

အပိုင်း ၁၀၈၇ : လက်ဆောင်လာပေးခြင်း

ရှောင်ယန်နှင့် ရှောင်ကျန်းအာတို့သည် ဤအချိန် အတောအတွင် တစ်ခါတစ်ရံတွင် ရှေးဟောင်း သက်ရှည်ကမ္ဘာ အတွင်းမှ ထွက်ခွာသွားလေ့ ရှိကြသည်။ လင်းဖုန်းကလည်း ဤအကြောင်းကို သိထား၏။

ယန်နန်းလိုင်၊ ချင်းနင်သူတော်စင်၊ ဝူမန့်ချီနှင့် ကျန်သောသူများကလည်း ရှေးဟောင်း သက်ရှည်ကမ္ဘာ အတွင်းတွင် ရှိနေကြသဖြင့် ဂူမိသားစုကလည်း ငြိမ်သက်စွာဖြင့်သာ သူတို့အား ခွင့်ပြုထားကြသည်။

ဤအရာသည် လင်းဖုန်းက သူတို့အား သက်ရှည်ကြာပန်း ထိုင်ခုံအား ကူညီ၍ လေ့လာသုံးသပ် ပေး၍ အန္တိမ အသိဉာဏ် နတ်ဘုရား ဆေးလုံး၏ ဆေးလုံး ဖော်စပ်နည်းအား လက်ဆောင်ပေးခဲ့သည်ကို ကျေးဇူးဆပ်ခြင်း တစ်မျိုးလည်း ဖြစ်သည်။

ဂူမိသားစုတွင် ဖဲချပ်များ ပိုရှိလာပါက သူတို့နှင့် ယုံကြည်ချက် ပိုရှိနိုင်မည် ဖြစ်သည်။ သူတို့သည် အချို့အရာများတွင် အလွန်အမင်း စိတ်အား မထက်သန်နေပါက ဟင်းလင်းပြင် ဘုရားကျောင်းကလည်း သူတို့ လုပ်နေသည်ကို မျက်စိ တစ်ဘက်မှိတ်ထားရုံသာ တတ်နိုင်သည်။

လွင်တီးခေါင် စိတ်ဝိညာဥ် ရေစင်နှင့် သက်ရှည်ကြာပန်း ထိုင်ခုံ၏ သဘောတရားများကို လေ့လာရခြင်းနှင့် စာလျှင် ဤအရာသည် လင်းဖုန်းက ပိုလိုချင်သော အရာဖြစ်၏။ အခြားသူများ၏ ဖဲချပ်ကို အသုံးချ၍ မိမိကိုယ်ကိုယ် အကျိုးရှိအောင် ပြုလုပ်ရခြင်းသည် အမြဲတစေ ရနိုင်သည့် အခွင့်အရေးမျိုး မဟုတ်ချေ။

လင်းဖုန်း သိထားသလောက် ဆိုလျှင် ရှောင်ယန်နှင့် ရှောင်ကျန်းအာတို့သည် သီးသန့် လေဟာနယ် အလွှာတစ်လွှာသို့ ခရီးထွက်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း ဇူရီ၏ သတင်းကို ကြားရအပြီးတွင် လင်းဖုန်းက အနည်းငယ် စဥ်းစားရ ခက်သွားသည်။ "ရန်သူ… သူတို့က ဘယ်လိုမျိုး ရန်သူတွေကို တွေ့ခဲ့တာလဲ"

ယခုအချိန်သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ဆန့်ကျင်သော စစ်ပွဲကကဲ့သို့ ရှောင်ယန်က ပထမဆုံး အင်မော်တယ် ဝိညာဥ်အား ဖန်ဆင်းခဲ့ခြင်း မဟုတ်ပေ။ နှစ်ပေါင်းအနည်းငယ် ကျင့်ကြံအပြီးတွင် ရှောင်ယန်၏ စွမ်းအားများသည် များစွာပို၍ တိုးတက်လာခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now