အပိုင်း ၉၁၆ မှ ၉၂၀

379 46 2
                                    

စာစဥ် ၄၈ : အပိုင်း ၆

အပိုင်း ၉၁၆ : ကျင့်ကြံမှု လမ်းစဥ်သည် တစ်ခါမှ မချောမွေ့နေပေ

ရှီယုသည် သူ၏ အိပ်ခန်းဆောင် အတွင်းသို့ ပြန်ဝင်လာခဲ့ရာ နန်းတွင်း အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ယောက်သည် သူ့အား စောင့်ကြိုနေခဲ့သည်။ သူမသည် အသက်၂၈နှစ်ထက် မကျော်သေးဟု ထင်နေရပြီး မယုံနိုင်လောက်အောင် ချောမောလှပသည်။ သူ၏ မျက်လုံးများသည် တောက်ပနေခဲ့ပြီး သူမ၏ လှပသော မျက်နှာအပေါ်တွင် အပြုံးတစ်ခုကို ပန်ဆင်ထားသည်။

သူမသည် ရှီယု ဝင်လာသည်ကို တွေ့လိုက်ရသောအခါ အရှေ့သို့ လျှောက်လာခဲ့သည်။ "အရှင်မင်းမြတ်.. ဒီရက်ပိုင်းတွေ အတွင်းမှာ အလုပ်ပိုလုပ်နေခဲ့တယ်.. ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါဦး"

ရှီယုသည် သူ၏ခေါင်းကို ခါလိုက်ကာ ထိုအမျိုးသမီး၏ အကြံပေးချက်ကို ပြန်မဖြေခဲ့ပေ။ သူသည် ထိုင်လိုက်ပြီးမှ သူ၏အကြည့်သည် ဟင်းလင်းပြင်အား ထွင်းဖောက်နိုင်ခဲ့သလို ခေါင်မိုးအပေါ်သို့ ငြိမ်သက်စွာဖြင့် ကြည့်နေခဲ့သည်။

ခေတ္တကြာပြီးမှ သူသည် ရုတ်တရက် မေးလိုက်၏။ "နွမ်နွမ်.. လွန်ခဲ့တဲ့ ငါးနှစ်အလွန်က ရှီးလင်မြို့ တိုက်ပွဲကို မှတ်မိသလား.. အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်က ရှီးလင်မြို့ကို ပထမဆုံး အကြိမ် ရောက်လာတဲ့ အချိန်မှာ ငါကသူ့ကို ဧည့်ခံပွဲ တစ်ခုနဲ့ ကြိုဆိုခဲ့တယ်"

နွမ်မိဘုရားက သူမ၏ ခေါင်းကို ညိတ်လိုက်ကာ ပြန်ဖြေလိုက်သည်။ "မှန်လှပါ.. ကျွန်မ မှတ်မိပါတယ်"

ရှီယုက ပြောလိုက်သည်။ "အဲ့ဒီ ဧည့်ခံပွဲ အပြီးမှာ ငါကမင်းကို ဘာပြောခဲ့သလဲ ဆိုတာကိုရော မင်းမှတ်မိသလား"

နွမ်မိဘုရားက ဖြည်းညင်းစွာနှင့် ပြန်ဖြေလိုက်သည်။ "မှန်လှပါ.. အရှင်မင်းမြတ်" ပြီးတာနှင့် သူမ၏ ပါးစပ်ကို ပိတ်လိုက်ကာ ဘာမှ ပြန်မပြောခဲ့တော့ပေ။

ရှီယုသည် သူမအား ထိုအဖြစ်များကို ပြန်လည်၍ မပြောပြခဲ့ခိုင်းတော့ပေ။ သူ၏ မျက်လုံးများကို ဖြည်းညင်းစွာနှင့် မှိတ်လိုက်ရာ အိပ်ခန်းဆောင်သည်လည်း လုံးဝကို တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDonde viven las historias. Descúbrelo ahora