အပိုင်း ၁၀၈၁ : ရင်ခုန်သံများ မြန်လာခြင်း

278 26 0
                                    

စာစဥ် ၅၆ : အပိုင်း ၁၁

အပိုင်း ၁၀၈၁ : ရင်ခုန်သံများ မြန်လာခြင်း

အားလုံးတို့သည် ကြာပန်းစင်မြင့် အပေါ်မှ နေရာအသီးသီး၌ ရပ်နေကြကာ ရှောင်ယန်၊ ဂူယွမ်ခိုင်နှင့် ချင်းနင်သူတော်စင်တို့ အချင်းချင်း မျက်နှာချင်းဆိုင် ရပ်နေကြသည်ကို ကြည့်နေကြသည်။

ဤဆေးလုံး ကျင့်ကြံမှု ပြိုင်ပွဲသည် လူသုံးယောက်သာ ပါသော်လည်း သူတို့သည် ယခုအချိန်တွင် နတ်ဘုရားနယ်မြေ အတွင်းမှ အထူးချွန်ဆုံး ဆေးလုံး ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့အား ဝန်းရံနေကြသူများမှာလည်း အဆင့်အတန်း ရှိသူများ ဖြစ်ကြသည်။ ရှောင်ယန်၏ ဆရာဖြစ်သော လင်းဖုန်း၊ ဟင်းလင်းပြင် ဘုရားကျောင်း၏ ခေါင်းဆောင် ယန်နန်းလိုင်နှင့် ဂူမိသားစု ခေါင်းဆောင်ဖြစ်သော ဂူကျွန်းတို့ ဖြစ်ကြ၏။

သူတို့၏ ဘေးတွင် ဇူရီ၊ ဝူမန့်ချီ၊ ဂူချန်းနှင့် ကျန်သောသူများမှာလည်း သူတို့၏ ဂိုဏ်းနှင့် မိသားစုတို့မှ အရေးပါသော သူများ အသီးသီး ဖြစ်ကြသည်။

"အချိန် အကန့်အသတ်ကို ၇ရက် သတ်မှတ်ရအောင်" ဂူယွမ်ခိုင်က ပြောလိုက်သည်။ ရှောင်ယန်နှင့် ချင်းနင်သူတော်စင်တို့က သူတို့၏ ခေါင်းများကို အသီးသီး ညိတ်လိုက်ကြသည်။ ၇ရက်သည် ကြာမြင့်သော အချိန်တစ်ခု မဟုတ်ချေ။

သို့သော်လည်း ဆေးလုံး ကျင့်ကြံမှု ပြိုင်ပွဲသမိုင်း အတွင်းတွင်လည်း ကိုယ်ပိုင် ပြိုင်ပွဲများသာ မဟုတ်လျှင် ဆယစုနှစ်များ သို့မဟုတ် ရာစုနှစ်အထိပင် ကြာနိုင်သော ဆေးလုံးများကို မကျင့်ကြံခဲ့ကြပေ။

ရှောင်ယန်သည် ဆေးမီးဖိုအား ကိုင်၍ မီးတောက်တစ်ခုအား ထွန်းညှိလိုက်၏။ သို့သော်လည်း ထိုမီးတောက်သည် နန်းမင် အကြွင်းမဲ့ မီးတောက် မဟုတ်ပဲ သန့်စင်သောယန် အကြွင်းမဲ့ မီးတောက်သာ ဖြစ်သည်။

ဤမြင်ကွင်းသည် ဂူယွမ်ခိုင်၏ မျက်လုံးအတွင်းသို့ ကျရောက်သွားသော အခါ သူသည် မအံ့ဩသွားခဲ့ပဲ သူ၏ မျက်ခုံးများက အနည်းငယ် လှုပ်ရှားသွားသည်။ "သူက ချင်းနင်သူတော်စင်နဲ့ အစွမ်းကုန် ပြိုင်ဆိုင်တော့မှာလား"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now