စာစဥ် ၅၇ : အပိုင်း ၁
အပိုင်း ၁၀၉၁ : ခံစားချက် ကင်းမဲ့သောသူသည် အစစ်အမှန် သူရဲကောင်းတစ်ယောက် မဖြစ်နိုင်ပေ
မည်းမှောင်နေသော လေဟာနယ် တစ်ခုအတွင်းတွင် အသားအရေ ဖြူဖျော့ဖျော့နှင့် ပိန်ပိန်ပါးပါး အကြီးအကဲ တစ်ယောက်သည် တောင်ကြားတစ်ခု အတွင်းသို့ ရောက်လာသည်။
သူ၏ ပါးစပ် မဟရသေးခင်တွင် တောင်ကြားအတွင်းမှ အသံတစ်ခု ထွက်လာ၏။ "ဝူကွမ်းလား"
ထိုအကြီးအကဲသည် သေမင်းဧကရာဇ်၏ အားထားရသော ညာလက်ရုံးဖြစ်သည့် ဝူကွမ်းဘုရင် စီးခုံးယူ ဖြစ်သည်။ သူက ပြန်ဖြေလိုက်၏။ "မှန်လှပါ… အရှင်မင်းမြတ်… ကျွန်တော်ပါ"
စီးခုံးယူက ဆက်ပြောလိုက်သည်။ "ကျွန်တော်နဲ့ ငရဲ ဘုန်းတော်ကြီးတို့ရဲ့ အကြားက ဆက်သွယ်မှုက ရုတ်တရက် ပြတ်တောက်သွားတယ်… သူသာမကပဲ ငရဲကမ္ဘာ ပင်လယ်အတွင်းက သူပိုင်ဆိုင်တဲ့ ကမ္ဘာငယ် နှစ်ခုနဲ့လည်း အဆက်အသွယ် ပြတ်သွားတယ်"
"ကျွန်တော်က သူ့တပည့် ကုန်းကျိဇီနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ဘူး"
တောင်ကြားအတွင်းတွင် ခေတ္တမျှ ငြိမ်သက်သွားပြီး နောက်ထပ် အသံတစ်ခု ထွက်လာသည်။ "ငါက ဒီအကြောင်းကို သိပြီးသွားပြီ… မင်းအရင် သွားနိုင်တယ်… သတိတကြီးနဲ့ ပြင်ဆင်ထားပါ… ငရဲ ဘုန်းတော်ကြီးကို တွေ့သွားအပြီးမှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနဲ့ ဟင်းလင်းပြင် ဘုရားကျောင်းတို့က အရေးကြီးတဲ့ သဲလွန်စတွေကို ရရှိသွားနိုင်တယ်"
စီးခုံးယူက ပြန်ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ… အရှင်မင်းမြတ်" သူ၏ စကားဆုံးသည်နှင့် သူသည် တောင်ကြားအတွင်းမှ ပြန်ထွက်သွားသည်။
တောင်ကြားအတွင်းတွင် ရေကန်ငယ်တစ်ခု ရှိနေသည်။ ရေကန်ဘေးတွင် ကြည့်၍ကောင်းသော ကောင်လေးတစ်ယောက် ရှိနေသည်။ သူသည် အသက် ဆယ်နှစ်ခန့်သာ ရှိဦးမည်ဟု ထင်နေရသော်လည်း သူ၏အကြည့်မှာ လေးနက်မှုများဖြင့် ပြည့်နေသည်။
ထိုကောင်လေးမှာ အသစ် မွေးဖွားလာသော သေမင်းဧကရာဇ်ပင် ဖြစ်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...