အပိုင်း ၈၈၀ : စွမ်းအားဖျက်ဆီး ကပ်ဘေးကို ထပ်မံရင်ဆိုင်ခြင်း

333 37 1
                                    

စာစဥ် ၄၆ : အပိုင်း ၁၀

အပိုင်း ၈၈၀ : စွမ်းအားဖျက်ဆီး ကပ်ဘေးကို ထပ်မံရင်ဆိုင်ခြင်း

နှစ်ပေါင်း မရေမတွက်နိုင်အောင် ကျင့်ကြံထားခဲ့ အပြီးတွင် စူတောင်၏ ဓားလမ်းစဥ် ခြောက်သွယ်အား ကိုယ်စားပြုနေကြသည့် တောင်ထိပ် ခြောက်ခုတို့သည် အစစ်အမှန် ဓားတောင်ထိပ်များ ဖြစ်လာကြပြီ ဖြစ်သည်။ မရေမတွက်နိုင်သော ဓားကျင့်ကြံသူများ၏ ဓားဆန္ဒများသည် ထိုတောင်ထိပ်များ အတွင်းတွင် မြှုပ်နှံထားကြသည်။

သူတို့သည် မည်သည့် ကျင့်ကြံမှု အဆင့်တွင် ရှိနေသည်ဖြစ်စေ စူတောင်မှ ဓားကျင့်ကြံသူများသည် ကောင်းကင်နှင့် မြေကြီးတို့မှ စိတ်ဝိညာဥ် စွမ်းအင်များကို သူတို့၏ ကိုယ်ပိုင် ဓားဆန္ဒများ အဖြစ်သို့ ပြောင်းလဲနေရင်း ထိုဓားတောင်ထိပ်များကို အားဖြည့်ပေးခဲ့ကြသည်။

ယနေ့တွင် ထိုဓားတောင်ထိပ် ခြောက်ခုတို့သည် မြေပြင်ပေါ်မှ အတူတကွ ကြွတက်လာခဲ့ကြသည်။ ရှောင်စန်းဓားတောင်ထိပ်တွင် စုစည်းထားသော ဓားဆန္ဒများကို ပထမဦးစွာ ထုတ်လွှတ်လိုက်သည်။ သူတို့သည် အင်မော်တယ် ကောင်းကင် စကြာဝဠာ ဓားဝင်္ကပါ အတွင်းသို့ ဝင်ရောက်သွားကြသည်။

ရှောင်စန်း ဓားတောင်ထိပ်သည် ကြေမွသွားခဲ့ကာ သူ၏ ဓားဆန္ဒများသည် ဝင်္ကပါအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ဤတိုက်ပွဲအပြီးတွင် သူသည် ဆက်လက်၍ တည်ရှိနိုင်တော့မည် မဟုတ်ချေ။ 

အကယ်၍ စူတောင်ဓားဂိုဏ်းမှ အစွမ်းထက်သော ဓားကျင့်ကြံသူများသည် ဤအကျပ်အတည်းကို ကျော်ဖြတ်နိုင်ခဲ့မည် ဆိုပါက သူတို့သည် အခြားတစ်နေရာတွင် ရှောင်စန်း ဓားတောင်ထိပ်အား ပြန်လည်၍ တည်ဆောက်ရမည် ဖြစ်သည်။ သူ၏ ဓားဆန္ဒများကို ပြန်လည်၍ စုဆောင်းနိုင်နေသေးသရွေ့ စူတောင်ဓားဂိုဏ်း၏ မီးတောက်များသည် ဘယ်တော့မှ ငြိမ်းသတ်သွားခဲ့မည် မဟုတ်ချေ။

တိုက်ပွဲ အရှိန်အဟုန် မြင့်မားလာသည်နှင့်အမျှ ကျန်သော ဓားတောင်ထိပ် ငါးခုတို့ကလည်း အသင့်ပြင်ထားကြသည်။ သူတို့သည် သူတို့ ကျင့်ကြံထားကြသော ဓားဆန္ဒနှင့် အော်ရာများကို အင်မော်တယ် ကောင်းကင် စကြာဝဠာ ဓားဝင်္ကပါ အတွင်းသို့ ထုတ်လွှတ်ပေးရန် အသင့်ပြင်ထားကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDonde viven las historias. Descúbrelo ahora