အပိုင်း ၈၇၃

367 43 0
                                    

စာစဥ် ၄၅ : အပိုင်း ၃

အပိုင်း ၈၇၃ : မင်းတို့အားလုံးက ကောင်းကင်နတ်ဘုရား ချုပ်နှောင်ခြင်း အလံတံခွန် အတွင်းကို ဝင်ရမယ်

ကစဥ့်ကလျား တွင်းနက်ကြီးက ပေါက်ကွဲသွားကာ ဟင်းလင်းပြင် လေဟာနယ် အတွင်းမှ ကွယ်ပျောက်သွားခဲ့သည်။ ကောင်းကင်နှင့် မြေကြီးတို့ အတွင်းတွင် အပြစ်ကင်းစင်သော အသံတစ်ခုက မြည်ဟည်းလာခဲ့သည်။ သို့သော်လည်း ထိုလေသံမှာ အလွန်အိုမင်းနေသည့်ပုံ ပေါက်နေခဲ့သည်။ "အခုအချိန်က ဘယ်သူ့ခေတ်လဲ ဆိုတာကိုပြောဖို့ စောနေပါသေးတယ်"

ချင်းရီ သူတော်စင်မယ်က ပြန်ဖြေလိုက်သည်။ "ရှင့်ရဲ့ခေတ် မဟုတ်တော့တာကတော့ သေချာပါတယ်"

အပြစ်ကင်းစင်သော အသံသည် ရယ်မောလိုက်သောလည်း ဘာမှဆက်၍ မပြောတော့ချေ။

ဟင်းလင်းပြင် ဘုရားကျောင်းနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့သည် သူ့အား ရင်ဆိုင်သည့် နေရာတွင် တစ်ဘက်တည်း ဖြစ်ကြသည်။ ရှေးဟောင်းခေတ် အစတွင် ဟင်းလင်းပြင် ဘုရားကျောင်းနှင့် ဂူဧကရာဇ်တို့သည် အတူတကွ ပူးပေါင်းခဲ့ကြ၍ သေမင်းဧကရာဇ်အား နန်းချခဲ့ကြသည်။

ငရဲကမ္ဘာ ဧကရာဇ်၏ အလယ်ကမ္ဘာသည် အလွန်အမင်း ရှာဖွေရခက်ခဲ့၍ ဟင်းလင်းပြင် ဘုရားကျောင်းကလည်း မဟာလွင်တီးခေါင် ကုန်းမြေမှ လှုပ်ရှားမှုများကို စောင့်ကြည့်ခြင်းဖြင့် အလုပ်ရှုပ်မနေခဲ့လျှင် သူတို့သည် သူတို့၏ အရင်းအမြစ်များ အားလုံးတို့ကို အသုံးချကာ သေမင်းဧကရာဇ် ပြန်လည်မွေးဖွားခြင်း မပြုနိုင်ရန် တားမြစ်ခဲ့ကြမည် ဖြစ်သည်။

ချင်းရီ သူတော်စင်မယ်သည် အလင်းတန်း ပုံရိပ်တစ်ခု အဖြစ်သာ ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမ၏ မူလခန္ဓာကိုယ်သာ ဤနေရာတွင် ရှိနေပါက သူမသည် လင်းဖုန်းနှင့် ပူးပေါင်းဆောင်ရွက်ကာ သေမင်းဧကရာဇ်အား ဟန့်တားခဲ့မည် ဖြစ်သည်။ သူ့အား အလွယ်တကူ ထွက်ခွာခွင့် ပြုနိုင်လိမ့်မည် မဟုတ်ချေ။

ထျန်းကန်း ဓားမာစတာကပင် သေမင်းဧကရာဇ်အား သတိပြုမိသွားသောအခါ လင်းဖုန်းနှင့် တိုက်ခိုက်ခဲ့ရာတွင် ယုကျင်းတောင် အပေါ်သို့ ဖိအားများကို လျှော့ချထားပေးခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now