အပိုင်း ၁၀၆၅ : ကြီးကျယ်ခမ်းနားစွာ ကြိုဆိုမှု

287 28 0
                                    

စာစဥ် ၅၅ : အပိုင်း ၁၅

အပိုင်း ၁၀၆၅ : ကြီးကျယ်ခမ်းနားစွာ ကြိုဆိုမှု

ကမ္ဘာ အသီးသီးတို့သည် သူတို့၏ ကိုယ်ပိုင် နည်းလမ်းများဖြင့် ထူးခြားကြသည်။ မဟာကမ္ဘာနှင့် ဆက်သွယ်ထားသော လမ်းကြောင်းများမှာလည်း အမတန်မှပင် ကွဲပြားခြားနားကြ၏။

ဥပမာအားဖြင့် သေမင်းခန်းမ တည်ရှိသော အလယ်ကမ္ဘာသည် ဟင်းလင်းပြင် စစ်တလင်းနှင့်သာ ဆက်သွယ်သွားသော နယ်နိမိတ် လမ်းကြောင်းများ ရှိသည်။

ရှေးဟောင်း သက်ရှည်ကမ္ဘာနှင့် မဟာကမ္ဘာအား ဆက်သွယ်ထားသော နယ်နိမိတ် လမ်းကြောင်းကလည်း အနည်းငယ် ထူးခြားသည်။ သူ့တွင် လင်းဖုန်း ပိုင်ဆိုင်ထားသော ကြယ်စင်ပင်လယ် ဝင်ပေါက်ကဲ့သို့ ဖွင့်နိုင်၊ ပိတ်နိုင်သည့် ဝင်ပေါက်တစ်ခု ရှိသည်။ ထိုဝင်ပေါက်အား ဖွင့်နိုင်၊ ပိတ်နိုင်ရုံသာ မက သူ၏ နေရာကိုလည်း ပြောင်းလဲနိုင်သည်။

ထိုဖွင့်နိုင်၊ ပိတ်နိုင်သည့် ဝင်ပေါက်အား ဂူမိသားစုက ပိုင်ဆိုင်သည်။

ထို့ကြောင့် ပြင်ပမှ လူများအနေဖြင့် ရှေးဟောင်း သက်ရှည်ကမ္ဘာ အတွင်းသို့ ဝင်ရောက်ရန် အတော်ပင် ခက်ခဲသည်။ သူသည် သေမင်းခန်းမ၏ အလယ်ကမ္ဘာကဲ့သို့ မလျှို့ဝှက်သော်လည်း ကမ္ဘာကြီးနှင့် အဆက်အသွယ် ဖြတ်ထားသကဲ့သို့ ဖြစ်နေသည်။

လူအချို့မှ လွဲ၍ ရှေးဟောင်း သက်ရှည်ကမ္ဘာ အတွင်းသို့ မည်ကဲ့သို့ သွားရမည်ကို မည်သူမှ မသိချေ။ လူအများစုမှာ ဤအလယ်ကမ္ဘာ တည်ရှိနေမှန်းကိုပင် မသိကြချေ။

ဤကမ္ဘာ၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားရန် အတွက် ဂူဧကရာဇ်၏ မျိုးဆက်များသည် ထိုဝင်ပေါက်ကို ဖွင့်လေ့ဖွင့်ထ သိပ်မရှိချေ။ ဘာပဲပြောပြော သူတို့၏ အဆင့်အတန်းမှာ အတန်ငယ် ထူးခြားသည်။ မဟာကမ္ဘာမှ တစ်စုံတစ်ယောက် ဝင်လာသော အချိန်တိုင်းတွင် သူတို့သည် မဟာကမ္ဘာ အတွင်းမှ ကျန်သောသူများ၏ အာရုံများကို ဆွဲဆောင်နိုင်သည်။

ထို့ကြောင့် အကယ်၍ မလိုအပ်လျှင် ရှေးဟောင်း သက်ရှည်ကမ္ဘာအား ချိပ်ပိတ်ထားသည်။ ဂူမိသားစုမှ ရွှေရောင်ဗဟိုချက် အဆင့် ကျင့်ကြံသူများက ဟင်းလင်းပြင် လျှပ်စီးကပ်ဘေးများကို ကျော်လွှားလိုလျှင် သူတို့ အများစုသည် ပို၍ အန္တရာယ်များသော ဟင်းလင်းပြင် စစ်တလင်း ထံသို့သာ သွားကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now