စာစဥ် ၄၈ : အပိုင်း ၂၀
အပိုင်း ၉၃၀ : သူ၏ အဖော်အား ကျောပေးနေသော ဥဒေါင်း
ရှီထျန်းဟောင်သည် ချူးယန်၏ သွေးမြစ်နတ်ဓား နှစ်လက်တို့အား စိတ်ဝင်တစား ကြည့်နေခဲ့၍ သာမန်သာ မေးလိုက်သည်။ "ငါသိထားသလောက် ဆိုရင် သွေးမြစ်ဂိုဏ်းက ဒီဓားကွက်ကို တီထွင်ခဲ့တာ မဟုတ်ဘူး… ဟုတ်တယ်မလား"
လီယွမ်ဖန်းက တိုးညင်းစွာဖြင့် ပြန်ဖြေလိုက်သည်။ "ကျွန်တော် သိထားသလောက်ဆိုရင် သွေးမြစ်ဂိုဏ်းက သွေးမြစ် တာအိုဆရာက စတင်ခဲ့တာ… လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့ဂိုဏ်းရဲ့ ရတနာတွေက သွေးစွန်းသော စကြာဝဠာ မြေပုံနဲ့ သွေးဖီးနစ်တို့ ဖြစ်ပြီး သူတို့က အဓိက မှော်ကျိန်စာ သုံးမျိုးတို့ကို ကျင့်ကြံကြတယ်"
ရှီထျန်းဟောင်သည် စိတ်ချင်းဆက်သွယ်၍ မေးလိုက်ခြင်း ဖြစ်ကာ လီယွမ်ဖန်းကလည်း ထိုအတိုင်း ပြန်ဖြေခဲ့ခြင်း ဖြစ်သည်။ သူတို့အကြားမှ ဆက်သွယ်မှုသည် သူတို့အချင်းချင်းသာ ကြားနိုင်ကြပြီး ချူးယန်နှင့် ဂျူနီယာ တပည့်များက မကြားနိုင်ကြပေ။
"ပထမ… အချို့သူတွေက ဟေးဒီးစ် သွေးကြာပန်းကို လေ့ကျင့်ကြတယ်… ကြာပန်း မြောက်မြားစွာတို့က ဖူးပွင့်လာကြတဲ့ အချိန်မှာ သွေးပင်လယ်က ကမ္ဘာကြီးကို လွှမ်းခြုံသွားလိမ့်မယ်… ဒါက အဆုံးမဲ့ သွေးပင်လယ် ဖြစ်တယ်"
"အစ်ကိုကြီးနဲ့ ဒုတိယ စီနီယာတို့ဟာ ယင်ပင်လယ်ရဲ့ ပုံရိပ်ယောင်တွေ အတွင်းမှာ သွေးမြစ်မင်းသားရဲ့ ပုံစံကို ရယူနိုင်ခဲ့တဲ့ ရှီရှင်းယွမ်ရဲ့ စိတ်ဝိညာဥ်နဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်"
လီယွမ်ဖန်းက ဆက်ပြောလိုက်၏။ "ဒုတိယ… မမြင့်မြတ်သော သွေးမြစ်ကို ကျင့်ကြံပြီး အကြွင်းမဲ့ သွေးမြစ်ရေကို အဆက်မပြတ် စုဆောင်းတာဟာ နောက်ထပ် ရိုးရှင်းတဲ့ ကျင့်ကြံမှု တစ်ရပ်ဖြစ်တယ်… ဒါပေမဲ့ သွေးမြစ်ဟာ လုံလောက်အောင် သန်မာလာခဲ့ရင် အဆုံးမဲ့ သွေးပင်လယ်ထက် အားမနည်းနေဘူး"
"သွေးမြစ်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး မှော်ရတနာက မဟာယာန အဆင့်က မှော်ရတနာ ဖြစ်တဲ့ သွေးစွန်းသော စကြာဝဠာ မြေပုံ ဖြစ်တယ်… သူက ဒီကျင့်ကြံမှု နည်းလမ်းနဲ့ ကျင့်ကြံထားတာ"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...