အပိုင်း ၁၀၆၃ : အထင်ကြီးဖွယ်ရာ စီးတော်ယာဥ်

286 27 0
                                    

စာစဥ် ၅၅ : အပိုင်း ၁၃

အပိုင်း ၁၀၆၃ : အထင်ကြီးဖွယ်ရာ စီးတော်ယာဥ်

ဇူရီသည် ရှေးဟောင်း သက်ရှည်ကမ္ဘာအား ဆက်သွယ်ကာ သူတို့၏ အစီအစဥ်များကို ပြောပြလိုက်သည်။ လင်းဖုန်းသည် ရှောင်ယန်အတွက် လက်ထပ်ခွင့် တောင်းခံပေးရန် ရှေးဟောင်း သက်ရှည်ကမ္ဘာသို့ လာမည်ဖြစ်သည်။

သူတို့အား ကြိုတင်ပြင်ဆင်၍ ရရန်အတွက် ရှေးဦးစွာ အကြောင်းကြားထားခြင်း ဖြစ်သည်။ အသေးစိတ်များကိုတော့ ထိုနေရာသို့ ရောက်မှ ဆွေးနွေးရမည် ဖြစ်သည်။

ရှေးဟောင်း သက်ရှည်ကမ္ဘာသည် ခေတ္တမျှ ငြိမ်သက်သွား အပြီးတွင် လင်းဖုန်းနှင့် ကျန်သောသူများကို ဝမ်းသာစွာနှင့် ကြိုဆိုရန် ပြင်ဆင်ကြလေသည်။

ဘာပဲပြောပြော ရှောင်ယန်နှင့် ရှောင်ကျန်းအာတို့ ကိစ္စနှင့် ပတ်သတ်၍ ဂူဧကရာဇ်တို့၏ မျိုးဆက်များသည် ကြိုတင်၍ မျှော်လင့်ထားကြပြီးသား ဖြစ်သည်။

အတွင်းက လူများဖြစ်စေ၊ အပြင်မှ လူများဖြစ်စေ၊ ရှောင်ယန်နှင့် ရှောင်ကျန်းအာတို့၏ လက်ထပ်ပွဲသည် မဟာမိတ် လက်ထပ်ပွဲ ဖြစ်သည်ဟု ယူဆထားကြသော်လည်း လက်ထပ်ခွင့် တောင်းခြင်းသည် တကယ့် လက်ထပ်ပွဲနှင့် မတူချေ။ သူသည် ဖြစ်နိုင်ခြေ သက်သက်သာ ဖြစ်ပြီး အမှန်တကယ် ဖြစ်လာမည်ဟု မဆိုလိုချေ။

ထို့အပြင် လင်းဖုန်းကိုယ်တိုင် လာမည်ဖြစ်၍ ဤလက်ထပ်ခွင့် တောင်းခြင်းအား လက်ခံခံ၊ မခံခံ၊ ရှေးဟောင်း သက်ရှည်ကမ္ဘာသည် သူတို့အား ငြင်းဆန်ရန် အကြောင်းမရှိချေ။ သူတို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းဘက်တွင် နေရန် မရွေးချယ်ကြသေးသော်လည်း ဟင်းလင်းပြင် ဘုရားကျောင်း၏ ဘက်တွင်လည်း မနေသေးကြချေ။

ရှေးဟောင်း သက်ရှည်ကမ္ဘာထံမှ ပြန်ကြားချက်ကို ရရှိပြီးသော အခါ လင်းဖုန်းသည် ယုကျင်းတောင် အပေါ်မှ ကိစ္စများကို ညွှန်ကြားပြီး ခရီးထွက်ရန် အသင့်ပြင်နေသည်။

သူမသွားခင် ရှောင်ယန်က သူ၏ နှုတ်ခမ်းများကို တွန့်လိုက်သည်။ "ကျဲယုက တံခါးပိတ်ပြီး လေ့ကျင့်နေတာ နာတာပဲ... မဟုတ်ရင် သူ့ကို အကူအညီ တောင်းလိုရမှာ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now