အပိုင်း ၆၆၄ : ဂိုဏ်းတွင်းပြိုင်ပွဲ စတင်ခြင်း

461 48 0
                                    

စာစဥ် ၃၅ : အပိုင်း ၁၄

အပိုင်း ၆၆၄ : ဂိုဏ်းတွင်းပြိုင်ပွဲ စတင်ခြင်း

"ဂိုဏ်းတွင်းပြိုင်ပွဲကို တရားဝင် စတင်ဖွင့်လှစ်ပါပြီ"

လင်းဖုန်း၏ ပုံရိပ်သည် ထရပ်လိုက်ကာ အဖြူရောင် အလင်းတန်း တစ်တန်းအဖြစ်သို့ ပြောင်းသွားခဲ့သည်။ ကောင်းကင်တိုင်လုံး တစ်ခုအတိုင်း သူသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ကာ အပေါ်မှ ယုကျင်းတောင်နှင့် ယွင်တောင်ထိပ်ကို ဆက်သွယ်ပေးခဲ့သည်။ ဤနေရာတွင် ရှိနေကြသော သူများအားလုံးကလည်း ထိုမြင်ကွင်းကို တွေ့ရှိနိုင်ခဲ့၏။

ရှီယု၊ လင်းတောက်ဟန်၊ လျှမ်ယွမ်နှင့် ဇူဟုန်ဝူတို့သည် ပထမဆုံး ဦးစွာ ထရပ်ကြသူများ ဖြစ်ကြ၏။ ပြီးတာနှင့် မိုးကြိုးတိမ်တိုက် သူတော်စင်၊ တော်ဝင်အိမ်တော် သခင်၊ ဟော်ရှု၊ မိုးပြာရောင် သွေးကြော ဓားမာစတာနှင့် ကျန်သောသူများက မတ်တက်ရပ်လိုက်ကြသည်။ အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ တစ်အုပ်စုတို့သည် ထိုအဖြူရောင် အလင်းတန်းထံသို့ သွားလိုက်ကြကာ ယုကျင်းတောင်ပေါ်သို့ တက်သွားကြ၏။

သူတို့၏ လက်အောက်မှ ကျင့်ကြံသူများကလည်း သူတို့အနောက်မှ လိုက်ပါသွားကြကာ ယုကျင်းတောင်ပေါ်သို့ အတူတကွ တက်သွားကြသည်။ သူတို့၏ အနောက်တွင် ထာဝရ တောင်တန်းဂိုဏ်း၊ အနီရောင် တိမ်တိုက်ဂိုဏ်းနှင့် အခြားဂိုဏ်းငယ်များက လိုက်ပါလာကြသည်။

ဧည့်သည်များအားလုံး ထွက်သွားပြီးသောအခါ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ အခြေခံ တပည့်များသည် အလယ်ဗဟို မဟာခန်းမဆောင်၏ အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ခန်းမဆောင်၏ အလယ်တွင် ဂိုဏ်းတွင်းပြိုင်ပွဲမှ ပုံရိပ်များကို တိုက်ရိုက်ထုတ်လွှင့် ပြသနေသော ပုံရိပ်တစ်ခု ရှိနေသည်။

အခြေခံ တပည့်များစွာတို့သည် အသစ်များ ဖြစ်နေကြသော်လည်း သူတို့သည် စည်းကမ်းတကျဖြင့် သူတို့အား သတ်မှတ်ပေးထားသော နေရာများတွင် ထိုင်လိုက်ကြသည်။

ခန်းမဆောင်၏ အရှေ့မှ ကွက်လပ်အလွတ်တွင် လက်ရင်းတပည့် ရှစ်ယောက်တို့ ရပ်နေကြသော နေရာတွင်လည်း အဖြူရောင် အလင်းတန်းများ လင်းလက်လာခဲ့ပြီး သူတို့အား ယုကျင်းတောင် အပေါ်သို့ ပို့ဆောင်ပေးခဲ့ကြသည်။ ရှောင်ယန်နှင့် ကျန်သော ခုနှစ်ယောက်တို့သည် အဖြူရောင် အလင်းတန်း အတွင်းသို့ စတင်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDove le storie prendono vita. Scoprilo ora