အပိုင်း ၉၀၂ : ရီကျိနှင့် ဟွမ်ထျန်း အန္တိမ မာစတာ

340 38 0
                                    

စာစဥ် ၄၇ : အပိုင်း ၁၂

အပိုင်း ၉၀၂ : ရီကျိနှင့် ဟွမ်ထျန်း အန္တိမ မာစတာ

မိစ္ဆာစွမ်းအင်များသည် သူ၏ ပုခုံးအပေါ်သို့ ကောင်းကင်ပြိုကျလာသကဲ့သို့ ကျဆင်းလာခဲ့ရာ ချူးယန်က သူ၏ တစ်ကိုယ်လုံးသည် ထုံကျဥ်သွားခဲ့သည်ဟု ခံစားခဲ့ရသည်။

မဟူရာရေခဲ မဟာပဏ္ဍိတသည် ငရဲကိုးလွှာ လေပြင်း၏ စွမ်းအားများကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။ သူ၏ မိစ္ဆာစွမ်းအား အော်ရာများကိုသာ အနည်းငယ် ထုတ်လွှတ်လိုက်ရုံနှင့် ချူးယန်က သူ၏ တစ်ကိုယ်လုံးသည် အေးခဲသွားခဲ့သည်ဟု ခံစားခဲ့ရသည်။

"ဒီခံစားချက်.. မသေဝိညာဥ် အဆင့်က မိစ္ဆာတစ်ကောင်" ချူးယန်၏ ရင်အတွင်းတွင် လေးလံသွားခဲ့ပြီး သူ့စိတ်ဝိညာဥ်၏ အနက်ရှိုင်းဆုံး နေရာမှ အရိပ်တစ်ခုက လင်းလက်လာခဲ့သည်။

သူ့အား အနီးကပ် လေ့လာလိုက်လျှင် ဓားရှည်တစ်ချောင်းနှင့် တူနေသော်လည်း တစ်ခြမ်းသည်သာ အကောင်အထည် ပေါ်နေ၍ ကျန်တစ်ခြမ်းသည် အလင်းတန်း ပုံရိပ်တစ်ခု ဖြစ်သည်။ သူသည် ပုံရိပ်ယောင်နှင့် အစိုင်အခဲပုံ နှစ်မျိုးစလုံး အနေနှင့် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူ၏ အစစ်အမှန် ပုံစံအား အပြည့်အဝ မဖော်ပြရသေးပဲ ချူးယန်၏ စိတ်ဝိညာဥ် အတွင်း၌သာ လွင့်မျောနေခဲခြင်း ဖြစ်သည်။

ထိုဓား၏ အရိပ်သည် ၄၅ ရာခိုင်နှုန်း ကိုင်တွယ်၍ရပြီး ၅၅ ရာခိုင်နှုန်းသည် အလင်းတန်း ပုံရိပ်ဖြစ်သည်။

"နှမြောစရာ ကောင်းတာက ငါဟာ ကောင်းကင်ဖန်ဆင်းခြင်း သလင်းကျောက်ကို သန့်စင်ရခြင်း မရှိသေးတာပဲ.. မဟုတ်ရင် ငါ့ရဲ့ အခွင့်အရေးတွေက အနည်းငယ် ပိုကောင်းမယ်.." ချူးယန်သည် သူနှင့် သူ့ပြိုင်ဘက်၏ အကြားမှာ ကွာဟချက်မှာ အလွန်အမင်း ကြီးမားသည်ကို ကောင်းစွာ သဘောပေါက်ထားခဲ့သည်။သူ၏ လက်နက်တိုက် အတွင်းမှ အရာအားလုံးကို ထုတ်ဖော်ခဲ့ကာ အကောင်းဆုံး ကြိုးစားခဲ့လျှင်ပင် သူသည် လွတ်မြောက်နိုင်စွမ်း ရှိနိုင်မည် မဟုတ်ပေ။

သို့တိုင်အောင် ချူးယန်သည် တည်ငြိမ်နေဆဲပင် ရှိကာ သူအသက်ရှင်နိုင်မည့် အခွင့်အရေးကို စဥ်းစားရှာဖွေနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now