အပိုင်း ၉၀၁ : မဟာ ကောင်းကင်ကိုးလွှာ မြင့်မြတ်သောဓား

326 32 0
                                    

စာစဥ် ၄၇ : အပိုင်း ၁၁

အပိုင်း ၉၀၁ : မဟာ ကောင်းကင်ကိုးလွှာ မြင့်မြတ်သောဓား

ငရဲကိုးလွှာ တစ္ဆေမျောက်နှင့် ရင်ဆိုင်နေရင်း ချူးယန်သည် အရှေ့တောင် ယန်ကောင်းကင်ဓားချက် တစ်ချက်အား ထုတ်လွှတ်လိုက်ရာ နေမင်းပေါက်ကွဲသကဲ့သို့ ဖြစ်သွားခဲ့၍ မိစ္ဆာမျောက်အား ခုခံလိုက်သည်။

ငရဲကိုးလွှာ တစ္ဆေမျောက်သည် သူ၏ မျက်မှောင်များကို အနည်းငယ် ကြုတ်လိုက်ကာ သူ၏ မျက်လုံးများ အတွင်းမှ လူသတ်လိုစိတ်များ ထွက်လာခဲ့သည်။ ရုတ်တရက်ပင် သူ၏ လက်တစ်ဘက်ကို ဆန့်တန်းလိုက်၍ ဟင်းလင်းပြင် အတွင်းသို့ စက်ဝိုင်းတစ်ခုကို ဆွဲလိုက်သည်။

ရှေ့တစ်လှမ်းသို့ လှမ်းလိုက်ရာ သူ၏ခန္ဓာကိုယ်သည် လေထုအတွင်းတွင် ပျောက်သွားခဲ့၍ ချူးယန်၏ အရှေ့သို့ ရောက်လာခဲ့သည်။

သူလေထုအတွင်းတွင် ရေးဆွဲခဲ့သော စက်ဝိုင်းနှင့်အတူ ချူးယန်၏ ပတ်ပတ်လည်မှ လေဟာနယ်သည် စတင်၍ တွန့်လိမ်လာခဲ့သည်။

အရှေ့တောင် ယန်ကောင်းကင်ဓားသည် တိုက်စစ်နှင့် ခံစစ်တို့အား အတူတကွ ပေါင်းစည်းထားခြင်း ဖြစ်သည်။ ဓားအလင်းတန်းသည် ပြင်ပသို့ ထုတ်လွှတ်၍ ရန်သူအား တိုက်ခိုက်နိုင်သကဲ့သို့ အတွင်းသို့ ပြန်လည် ရုပ်သိမ်းကာ သူ၏ပိုင်ရှင်အား နေအလင်းတန်း အလွှာများစွာဖြင့် အလယ်တွင်ထားကာ ကာကွယ်နိုင်သည်။

မိစ္ဆာသခင် အဆင့်မှ ငရဲကိုးလွှာ တစ္ဆေမျောက်သည် အခြေတည် ဝိညာဥ် အဆင့်မှ လူသားကျင့်ကြံသူ တစ်ယောက်ကဲ့သို့ လေဟာနယ်၏ လျှို့ဝှက်ချက်များကို နားလည်ထိန်းချုပ်နိုင်စွမ်း ရှိသည်။ သူသည် ဟင်းလင်းပြင် အတွင်းမှ ထိုးဖောက်တိုက်ခိုက် လိုက်သော်လည်း ချူးယန်၏ အကာအကွယ် ဓားအလင်းတန်းသည် ဘောလုံးကဲ့သို့ လုံးထားသည် ဖြူတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။

မိစ္ဆာမျောက် ဆွဲထားသည့် စက်ဝိုင်းကလည်း ချူးယန်အနီးမှ ဟင်းလင်းပြင် အတွင်းတွင် ပေါက်ကွဲသွားခဲ့သည်။ မိစ္ဆာသခင် အဆင့်မှ မိစ္ဆာတစ်ကောင်က ရွှေရောင်ဗဟိုချက် အဆင့်မှ လူသား ကျင့်ကြံသူ တစ်ယောက်အား အစွမ်းကုန် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWo Geschichten leben. Entdecke jetzt