စာစဥ် ၅၄ : အပိုင်း ၁၆
အပိုင်း ၁၀၄၆ : ပါရမီ ဇန်မာစတာ၏ နိမိတ်မကောင်းသော ခံစားမှု
တိပိဋက ကျမ်းစာခန်းမဆောင်၏ စိတ်စွမ်းအင် လှုပ်ရှားမှုများသည် မရေမတွက်နိုင်သော လျှို့ဝှက်ချက်များ ပါနေသကဲ့သို့ အလွန်ကိုပင် ထူးခြားဆန်းကြယ်သည်။
တည်ငြိမ်စွာနှင့် မပြောင်းလဲနိုင်သော၊ အရာခပ်သိမ်းအား သိမြင်နိုင်သော ခံစားချက်မျိုးကို ဖော်ပြနေသည်။
ပါရမီ ဇန်မာစတာသည် ဤစိတ်စွမ်းအင်နှင့် အလွန်အမင်းပင် ရင်းနှီး ကျွမ်းဝင်နေသည်။ သူသည် တိပိဋက ကျမ်းစာခန်းမဆောင် အနားသို့ မရောက်ခင်ကတည်းက သူ့အား ရေးရေးလေး ခံစားနေရပြီ ဖြစ်သည်။
"ကမ္မလမ်းစဥ်လား" ပါရမီ ဇန်မာစတာသည် အနည်းငယ် အံ့အားသင့်သွားသည်။ "ဝမ်လင်းလား… ဒါမှမဟုတ် ဇူရီများလား… ဒီကမ္မလမ်းစဥ်ကို နားလည်မှုက အတော်လေး နက်ရှိုင်းနေတယ်"
သူ၏ အော်ရာကို မဖော်ပြထားသော်လည်း တိပိဋက ကျမ်းစာခန်းမဆောင်၏ အတွင်းမှလူ၏ စိတ်စွမ်းအင်နှင့် သူ၏ ဇန်စိတ်၏ ဆက်သွယ်မှုဖြင့် တစ်ဘက်လူကလည်း သူ့အား အာရုံခံနိုင်ခဲ့သည်။
ထိုသူသည် သူ၏ စိတ်စွမ်းအင်အား ရုပ်သိမ်းလိုက်ပြီး ပါရမီ ဇန်မာစတာ၏ နားအတွင်းတွင် ဝမ်လင်း၏ အသံ ပေါ်လာသည်။ "ကျေးဇူးပြုပြီး ဝင်ခဲ့ပါ… ပါရမီ ဇန်မာစတာ"
ပါရမီ ဇန်မာစတာသည် တံခါးကို ဖွင့်ကာ တိပိဋက ကျမ်းစာခန်းမဆောင် အတွင်းသို့ ဝင်ကာ တတိယထပ်သို့ တက်သွား၏။ သူတို့ တွေ့လိုက်သော အခါ သူက ရယ်၍ ပြောလိုက်သည်။ "ရဲဘော်ဝမ်ရဲ့ ကမ္မလမ်းစဥ် အပေါ်မှာ နားလည်မှုက ပိုပြီးပိုပြီး နက်ရှိုင်းလာပြီ"
သို့သော်လည်း ဝမ်လင်းနှင့် အတူ ရှောင်ယန်၊ ဇူရီနှင့် ရှီထျန်းဟောင်တို့ကပါ ရှိနေသည်ကို တွေ့လိုက်ရသော အခါ ပါရမီ ဇန်မာစတာသည် မအောင့်နိုင်ပဲ အံ့အားသင့်သွားသည်။ "ဒါက…"
ရှောင်ယန်သည် ချောင်းခြောက်တစ်ချက် ဆိုးကာ ပြောလိုက်သည်။ "ဇန်မာစတာ… ကျွန်တော်တို့က အခုအချိန်မှာ ကမ္မလမ်းစဥ် အကြောင်းကို ဆွေးနွေးသုံးသပ်နေကြတာ… ကျွန်တော်တို့ရဲ့ အတွေးတွေက မပြည့်စုံကြသေးဘူး"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...