စာစဥ် ၅၇ : အပိုင်း ၁၆
အပိုင်း ၁၁၀၆ : မူမမှန်တဲ့ လှုပ်ရှားမှုတွေကို သတိထားပါ
သေမင်းဧကရာဇ်က ငရဲ ဘုန်းတော်ကြီးအား ကြည့်လိုက်သည်။ "ငရဲကမ္ဘာ ပင်လယ်အတွင်းကို ပြန်မသွားနဲ့တော့… သူတို့ကို အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနဲ့ ဟင်းလင်းပြင် ဘုရားကျောင်းတို့က နေရာယူသွားကြပြီ"
"အနည်းဆုံးတော့ ကမ္ဘာနှစ်ခု အကြားက စစ်ပွဲ မဖြစ်လာခင် ငါတို့က ငရဲကမ္ဘာ ပင်လယ်အတွင်းကို ခြေမချသင့်ဘူး… ကမ္ဘာနှစ်ခု အကြားက စစ်ပွဲဖြစ်လာတာနဲ့ တပြိုင်နက် ငါတို့အတွက် အခွင့်အရေး ရလာနိုင်တယ်"
"စန်ထူဇီက မင်းဆီကနေ ငရဲကမ္ဘာ ပင်လယ်ရဲ့ နေရာအချို့ကို ထိန်းချုပ်နိုင်စွမ်းတွေ ရထားပြီး ကောင်းကင်ကပ်ဘေးရဲ့ အပိုင်းအစ တစ်ခုကို ရထားပေမဲ့ သူကတောင် အခုအချိန်မှာ ငရဲကမ္ဘာ ပင်လယ်အတွင်းကို ဝင်ရဲမှာ မဟုတ်ဘူး"
သေမင်းဧကရာဇ်က ပြုံးလိုက်သည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ရှောင်ယန်ဟာ စန်ထူဇီထံက ကောင်းကင်ကပ်ဘေး အပိုင်းအစကို မရထားပေမဲ့ အချိန် ကြာလာတာနဲ့ အမျှ သူက ငရဲကမ္ဘာ ပင်လယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိလာနိုင်တယ်"
"စန်ထူဇီက အဲ့ဒီလိုမျိုး အဖြစ်ကို စောင့်နေမှာ မဟုတ်ဘူး… ဒါကြောင့် သူလှုပ်ရှားမယ့် အချိန်ကလည်း ကမ္ဘာနှစ်ခု အကြားက တိုက်ပွဲမှာပဲ ဖြစ်လိမ့်မယ်… မင်းက အဲ့ဒီအချိန်ကျရင် ဘယ်လိုလုပ်ရမလဲ သိပြီပေါ့"
ငရဲ ဘုန်းတော်ကြီးက ဦးညွှတ်၍ ပြန်ပြောလိုက်သည်။ "ကျွန်တော် နားလည်ပါတယ်" ပြီးတာနှင့် သူက ထွက်ခွာသွား၏။
သေမင်းဧကရာဇ်၏ အရှေ့မှ အနက်ရောင် တံလျှပ်က ပျောက်ကွယ်သွား၍ သူ၏ မူလ နေရာတွင် ငြိမ်သက်စွာသာ ရပ်နေသည်။ သူ၏အောက်မှ အနက်ရောင် ဝဲကတော့သည် အဆက်မပြတ် လည်ပတ်နေပြီး သူ၏ ဒူးအောက်မှ အစိတ်အပိုင်းများ အားလုံးတို့သည် ထိုဝဲကတော့ အတွင်းသို့ ထပ်ဖန်တစ်ခါ ဝင်ရောက်သွားကြသည်။
သူ၏ ခေါင်းအပေါ်မှ အဖြူရောင် အလင်းတန်းများသည် ရေစက်များကဲ့သို့ ဖြာကျလာကာ သူ၏ တစ်ကိုယ်လုံးအား လွှမ်းခြုံသွား၍ သူ၏ ဒဏ်ရာများကို ကုစားပေးနေသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...